ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ကမ္ဘာဦး 35:7 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထိုအရပ်ကို ဧလဗေသလ ဟုခေါ်၏။ အကြောင်းမူကား သူသည် မိမိအစ်ကိုထံမှထွက်ပြေးစဉ်က ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူ၏။ Common Language Bible ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍သူ၏အစ်ကို ထံမှထွက်ပြေးနေရစဉ်က ဘုရားသခင်ကို ထိုအရပ်၌ဖူးတွေ့ခဲ့ရသောကြောင့်ဗေသလ ဟုခေါ်တွင်စေ၏။- Garrad Bible အစ် ကို့ ထံ မှ ထွက် ပြေး ခဲ့ ရ သော အ ခါ ထို အ ရပ် ၌ ဘု ရား သ ခင် ထင် ရှား တော် မူ သော ကြောင့် ပ လ္လင် တော် ကို တည် ၍ ထို အ ရပ် ကို ဧ လ ဗေ သ လ ဟု သ မုတ် လေ ၏။ Judson Bible ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလအမည်ဖြင့် တစ်ဖန်သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူသတည်း။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ထို့နောက် သူသည် ထိုအရပ်မှ ဗေသလမြို့အရှေ့ဘက်ရှိ တောင်ပေါ်ဒေသသို့ရွှေ့ပြောင်း၍ တဲကိုဆောက်လေ၏။ ထိုအရပ်၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့ရှိ၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြု၏။
ထာဝရဘုရားသည် သူ့အနားတွင်ရပ်နေ၍ “ငါသည် သင့်ဖခင်အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်နေသောမြေကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေးမည်။
သူသည် ကြောက်ရွံ့၍ “ဤအရပ်သည် အံ့ဩဖွယ်ကောင်းလှပါသည်တကား။ ဤအရပ်ကား အခြားမဟုတ်၊ ဘုရားသခင်၏အိမ်တော်ပေတည်း။ ဤအရပ်ကား ကောင်းကင်တံခါးဝပေတည်း”ဟု ဆို၏။
သူသည် ထိုအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။ ယခင်က ထိုမြို့၏အမည်မှာ လုဇဖြစ်၏။
မှတ်တိုင်အဖြစ် အကျွန်ုပ်စိုက်ထူသော ဤကျောက်သည်လည်း ဘုရားသခင်၏အိမ်တော်ဖြစ်မည်။ အကျွန်ုပ်အားပေးသနားတော်မူသောအရာရှိသမျှတို့၏ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော်အား မုချပူဇော်ပါမည်”ဟု ဆိုလျက် ကတိသစ္စာပြုလေ၏။
ငါသည် ဗေသလအရပ်၏ဘုရားဖြစ်၏။ ထိုအရပ်၌ သင်သည် ကျောက်တိုင်ကိုဘိသိက်သွန်း၍ ငါ့အားကတိသစ္စာပြုခဲ့၏။ ယခုထ၍ ဤပြည်မှထွက်ခွာပြီး သင့်မွေးရပ်မြေသို့ ပြန်သွားလော့’ဟူ၍ မိန့်တော်မူ၏”ဟု သူတို့အား ဆိုလေ၏။
ထို့နောက် ဘုရားသခင်က ယာကုပ်အား “ထလော့။ ဗေသလအရပ်သို့သွား၍ ထိုအရပ်၌ နေထိုင်လော့။ သင်၏အစ်ကိုဧသောထံမှ သင်ထွက်ပြေးစဉ်က သင့်အား ကိုယ်ထင်ရှားပြသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့”ဟု မိန့်တော်မူ၏။
ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။
ထ၍ဗေသလအရပ်သို့သွားကြစို့။ ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုထူးတော်မူ၍ ငါသွားသောလမ်းခရီး၌ ငါနှင့်အတူရှိတော်မူသော ဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်”ဟု ဆို၏။
မောရှေသည်လည်း ယဇ်ပလ္လင်ကိုတည်၍ ၎င်း၏အမည်ကို “ထာဝရဘုရားသည် ငါ၏အောင်လံဖြစ်တော်မူ၏”ဟု ခေါ်၏။
မြို့ပတ်ပတ်လည်သည် အတောင်တစ်သောင်းရှစ်ထောင်ကျယ်၏။ ထိုနေ့မှစ၍ ထိုမြို့၏အမည်ကို “ထာဝရဘုရား စံတော်မူရာ”ဟု ခေါ်တွင်ရမည်။
ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။