ထိုသူသည် ယာကုပ်ကို မနိုင်မှန်းသိမြင်သောအခါ ယာကုပ်၏တင်ပါးဆုံအဆစ်ကိုထိုး၏။ ထို့ကြောင့် ထိုသူနှင့်နပန်းလုံးစဉ်တွင် ယာကုပ်၏တင်ပါးဆုံအဆစ်သည် လွဲလေ၏။
ကမ္ဘာဦး 32:32 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ယာကုပ်၏တင်ပါးဆုံအဆစ်၌ရှိသောအကြောကို ထိုးသောကြောင့် ယနေ့တိုင်အောင် အစ္စရေးအမျိုးသားတို့သည် တင်ပါးဆုံအဆစ်၌ရှိသောအကြောကို မစားကြချေ။ Common Language Bible ယာကုပ်သည်တင်ပါးကြွက်သားတွင်အထိုး ခံခဲ့ရသည်ဖြစ်သောကြောင့် ယနေ့ထက်တိုင် ဣသရေလအမျိုးသားတို့သည်တင်ပါး ကြွက်သားကိုမစားကြချေ။ Garrad Bible ထို သို့ ယာ ကုပ်၏ ပေါင် ချန် အ ကြော ကို ထိ ပါး တော် မူ သော ကြောင့် ဣ သ ရေ လ အ မျိုး သား တို့ သည် ပေါင် ချန် ရှိ အ ကြော သား ကို ယ နေ့ တိုင် အောင် မ စား ဘဲ နေ လေ့ ရှိ ကြ ၏။ Judson Bible ထိုသို့ယာကုပ်၏ပေါင်ခြံအကြောကြီးကို ထိုးတော်မူသောကြောင့်၊ ဣသရေလအမျိုးသားတို့သည်၊ ပေါင်ချန်၌ရှိသောအကြောကြီးကို ယနေ့တိုင်အောင်မစား ရှောင်လေ့ရှိကြ၏။ |
ထိုသူသည် ယာကုပ်ကို မနိုင်မှန်းသိမြင်သောအခါ ယာကုပ်၏တင်ပါးဆုံအဆစ်ကိုထိုး၏။ ထို့ကြောင့် ထိုသူနှင့်နပန်းလုံးစဉ်တွင် ယာကုပ်၏တင်ပါးဆုံအဆစ်သည် လွဲလေ၏။
ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။
ယာကုပ်သည်မျှော်ကြည့်ရာ ဧသောသည် လူလေးရာနှင့်အတူလာနေသည်ကို မြင်လေ၏။ ထို့ကြောင့် သူသည် ကလေးတို့ကို လေအာ၊ ရာခေလနှင့် ကျွန်မနှစ်ယောက်တို့အား အသီးသီးခွဲပေးပြီးလျှင်
ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။
ထို့နောက် သူသည် ထိုအရပ်မှ ပေနွေလမြို့သို့တက်သွား၍ ထိုမြို့သားတို့ကိုလည်း ထိုနည်းတူ တောင်းလေ၏။ ပေနွေလမြို့သားတို့သည်လည်း သုကုတ်မြို့သားတို့ပြန်ပြောသကဲ့သို့ သူ့ကိုပြန်ပြောကြ၏။
ထိုအကြောင်းကြောင့် အာဇုတ်မြို့တွင် ယနေ့တိုင်အောင် ဒါဂုန်၏ယဇ်ပုရောဟိတ်များနှင့် ဒါဂုန်ဝတ်ကျောင်းထဲသို့ ဝင်သောသူတိုင်း ဒါဂုန်တံခါးခုံကို မနင်းဘဲ ကျော်သွားကြ၏။