ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
ကမ္ဘာဦး 27:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါ့သား၊ ယခု ငါ့စကားကိုနားထောင်၍ သင့်အားငါပြောသည့်အတိုင်းပြုလော့။ Common Language Bible သို့ဖြစ်၍ငါ့သား၊ ငါ့စကားကိုနားထောင် ၍ငါပြောသမျှအတိုင်းပြုလုပ်လော့။- Garrad Bible သို့ ဖြစ်၍ ငါ့ သား၊ ငါ မိန့် မှာ သ မျှ စ ကား ကို နား ခံ လော့။ Judson Bible သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသောစကားကို နားထောင်ပါလော့။ |
ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
မိခင်ကလည်း “ငါ့သား သင်ခံရမည့်ကျိန်ဆဲခြင်းသည် ငါ့အပေါ်သို့သက်ရောက်ပါစေ။ ငါ့စကားကိုသာနားထောင်လော့။ သွား၍ဆိတ်သငယ်တို့ကို ငါ့ထံသို့ ယူခဲ့လော့”ဟု ဆို၏။
ထို့ကြောင့် ငါ့သား၊ ယခု ငါ့စကားကိုနားထောင်လော့။ ထ၍ ဟာရန်မြို့၌ရှိသော ငါ့အစ်ကိုလာဗန်ထံသို့ ထွက်ပြေးလော့။
‘ငါမသေမီ ထာဝရဘုရားရှေ့တော်၌ သင့်ကိုကောင်းချီးပေးဖို့ တောကောင်ကို ယူလာပြီး ငါစားဖို့ အရသာကောင်းသောဟင်းလျာကိုချက်လော့’ဟု ဆိုသည်ကို ငါကြား၏။
သိုးအုပ်ဆိတ်အုပ်ရှိရာသို့သွား၍ ဆူဖြိုးသောဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့လော့။ ငါသည် သင်၏ဖခင်ကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်မည်။
သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်၊ မမှန် သင်တို့ဆုံးဖြတ်ကြလော့။
သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။
သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် မှန်ကန်သောအမှုဖြစ်၏။