Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 27:8 - Common Language Bible

8 သို့​ဖြစ်​၍​ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင် ၍​ငါ​ပြော​သ​မျှ​အ​တိုင်း​ပြု​လုပ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 သို့ ဖြစ်၍ ငါ့ သား၊ ငါ မိန့် မှာ သ မျှ စ ကား ကို နား ခံ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သို့​ဖြစ်၍ ငါ့​သား၊ ငါ​မှာ​ထား​သ​မျှ​သော​စ​ကား​ကို နား​ထောင်​ပါ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထို့ကြောင့် ငါ့​သား​၊ ယခု ငါ့​စကား​ကို​နားထောင်​၍ သင့်​အား​ငါ​ပြော​သည့်​အတိုင်း​ပြု​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 27:8
8 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​ရေ​ဗက္က​အား ``သင်​၏​ဝမ်း​ထဲ​၌​လူ​နှစ်​မျိုး​ရှိ​၏။ သင်​သည်​အ​ချင်း​ချင်း​ပြိုင်​ဆိုင်​မည့် လူ​မျိုး​နှစ်​မျိုး​ကို​ဖွား​မြင်​မည်။ လူ​မျိုး​တစ်​မျိုး​သည်​အ​ခြား​တစ်​မျိုး​ထက် ခွန်​အား​ကြီး​မည်။ အ​ကြီး​ဖြစ်​သူ​က​အ​ငယ်​၏​အ​စေ​ကို​ခံ ရ​မည်'' ဟု​မိန့်​တော်​မူ​၏။


ငါ့​သား၊ သင်​ခံ​ရ​မည့်​ကျိန်​စာ​သင့်​ခြင်း​ကို ငါ​ခံ​ရ​ပါ​စေ။ ငါ​ပြော​သည့်​အ​တိုင်း​ဆိတ် များ​ကို​သာ​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ'' ဟု​မိခင် က​ဆို​လေ​၏။-


ငါ့​သား၊ ငါ​ပြော​သည့်​အ​တိုင်း​ပြု​လုပ်​လော့။ ခါ​ရန် မြို့​၌​နေ​ထိုင်​သော​ငါ​၏​အစ်​ကို​လာ​ဗန်​ထံ​သို့ ယ​ခု​ချက်​ချင်း​သွား​ရန်​ပြင်​လော့။-


`အ​မဲ​ပစ်​၍​ငါ့​အ​တွက်​ဟင်း​ချက်​ခဲ့​ပါ။ ငါ စား​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင့် အား​ငါ​မ​သေ​မီ​ကောင်း​ချီး​ပေး​မည်' ဟု​မှာ ကြား​သည်​ကို​ငါ​ကြား​ပြီ။-


ဆိတ်​အုပ်​ရှိ​ရာ​သို့​သွား​ပြီး​လျှင် ဆူ​ဖြိုး​သော ဆိတ်​ငယ်​နှစ်​ကောင်​ကို​ရွေး​ယူ​ခဲ့​လော့။ ငါ​သည် သင့်​ဖ​ခင်​ကြိုက်​နှစ်​သက်​သော​ဟင်း​ကို​ချက် ပေး​မည်။-


သို့​ရာ​တွင်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား ထောင်​ရ​မည်​လော။ သို့​မ​ဟုတ်​သင်​တို့​၏​စ​ကား ကို​နား​ထောင်​ရ​မည်​လော။ ဘု​ရား​သ​ခင်​၏ ရှေ့​တော်​တွင်​အ​ဘယ်​သူ​၏​စ​ကား​ကို​နား ထောင်​သင့်​ကြောင်း သင်​တို့​ကိုယ်​တိုင်​ပင်​အ​ဆုံး အ​ဖြတ်​ပေး​ကြ​လော့။-


ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က``ငါ​တို့​သည် လူ့​အ​မိန့်​ထက်​ဘု​ရား​သ​ခင့်​အ​မိန့်​တော် ကို​နား​ထောင်​ရ​မည်။-


သား​သ​မီး​တို့၊ သင်​တို့​မိ​ဘ​များ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့။ ထို​သို့​ပြု​ခြင်း​သည် ခ​ရစ်​ယာန်​များ​အ​နေ​ဖြင့်​ပြု​အပ်​သည့်​ဝတ် ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ