မိန်းကလေးက “ကျွန်မ၏သခင်၊ သောက်ပါ”ဟု ဆိုပြီးလျှင် ရေအိုးကို မိမိလက်ပေါ်သို့ အလျင်အမြန်ချ၍ သူ့ကိုရေတိုက်လေ၏။
မိန်းမပျိုက``အရှင်သောက်ပါ'' ဟုဆို၍ပခုံး ပေါ်မှခရားကိုအလျင်အမြန်ချလျက်သူ့ အားပေးလေသည်။-
သူ ငယ် မ က သောက် ပါ လော့ အ ရှင် ဟု ဆို လျက် ကိုယ့် လက် ပေါ် တွင် အိုး ကို အ မြန် ချ၍ ရေ ပေး လေ ၏။
မိန်းမက၊ သောက်ပါလော့အရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကိုချ၍၊ ရေကိုပေးလေ၏။
အကျွန်ုပ်သည် မိန်းကလေးတစ်ဦးအား ‘သင်၏ရေအိုးကိုချ၍ အကျွန်ုပ်အားရေသောက်ခွင့်ပေးပါ’ဟု ဆိုသောအခါ သူက ‘သောက်ပါ။ သင်၏ကုလားအုတ်တို့ကိုလည်း ကျွန်မရေတိုက်ပေးပါမည်’ဟု ဆိုလျှင် ထိုသူသည် ကိုယ်တော်၏အစေအပါးဣဇက်အတွက် ကိုယ်တော်ရွေးချယ်ထားသောသူဖြစ်ပါစေသော။ ဤသို့အားဖြင့် ကိုယ်တော်သည် အကျွန်ုပ်၏သခင်အား မေတ္တာကရုဏာပြတော်မူကြောင်း အကျွန်ုပ်သိရပါလိမ့်မည်”ဟု ဆုတောင်းလေ၏။
သူသည် ရေအိုးကို မိမိပခုံးပေါ်မှအလျင်အမြန်ချ၍ ‘သောက်ပါ။ သင်၏ကုလားအုတ်တို့ကိုလည်း ကျွန်မရေတိုက်ပါမည်’ဟု ဆိုပါသည်။ ထို့ကြောင့် အကျွန်ုပ်သည် ရေသောက်ရပါသည်။ သူသည် ကုလားအုတ်တို့ကိုလည်း ရေတိုက်ပါသည်။
ထိုမုဆိုးမ ရေသွားယူစဉ် ဧလိယက သူ့အား “မုန့်လည်း အနည်းငယ် ယူလာပေးပါ”ဟု လှမ်းပြော၏။
သူသည် ဉာဏ်ပညာဖြင့် မိမိနှုတ်ကိုဖွင့်တတ်၏။ သူ၏လျှာပေါ်၌ မေတ္တာကရုဏာနှင့်ပြည့်စုံသော သွန်သင်ချက်ရှိ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်သဘောတည်းရှိလျက် ကြင်နာတတ်သောသဘော၊ ညီအစ်ကိုချင်းချစ်တတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် စိတ်နှိမ့်ချသောသဘောရှိကြလော့။