အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 21:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကလေး​သည် ကြီး​လာ​၍ နို့ပြတ်​လေ​၏​။ ဣဇက်​နို့ပြတ်​သော​နေ့​၌ အာဗြဟံ​သည် ကြီးကျယ်ခမ်းနား​သော​စားသောက်ပွဲ​ကျင်းပ​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​သူ​ငယ်​သည်​ကြီး​ထွား​လာ​၍​နို့​ခွဲ​သော​နေ့​၌ အာ​ဗြ​ဟံ​သည်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​လေ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ထို သူ ငယ် ဣ ဇာက် ကြီး ပွား ၍ နို့ ခွဲ ထား ၏။ နို့ ခွဲ သော နေ့၌ အာ ဗြ ဟံ သည် ပွဲ ကြီး ကျင်း ပ စဥ် အိ ဂျစ် ပြည် သူ ဟာ ဂ ရ ဖြင့် အာ ဗြ ဟံ ရ သော သား ရယ် သွမ်း သွေး သည် ကို စာ ရာ မြင် သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သူ​ငယ်​ဣ​ဇာက်​သည် ကြီး​ပွား၍ နို့​နှင့်​ကွာ​လေ၏။ နို့​ကွာ​သော​နေ့၌ အာ​ဗြ​ဟံ​သည် ပွဲ​ကြီး​လုပ်​လေ၏။

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 21:8
16 ပူးပေါင်းရင်းမြစ်များ  

သို့သော် လောတ​သည် သူ​တို့​ကို မရမက​ဖိတ်ခေါ်​သောကြောင့် သူ​တို့​သည် သူ​နှင့်အတူ​လိုက်လာ​၍ သူ​၏​အိမ်​သို့​ဝင်​ကြ​၏​။ လောတ​သည် သူ​တို့​အတွက် စားသောက်ပွဲ​ပြင်ဆင်​၍ တဆေးမဲ့မုန့်​ကို​ဖုတ်​လေ​၏​။ သူ​တို့​သည်​လည်း စား​ကြ​၏​။


တစ်ဖန် သူ​က “​စာရာ​သည် သားသမီး​ကို​နို့တိုက်​လိမ့်မည်​ဟု အာဗြဟံ​ကို မည်သူ​ပြော​ခဲ့​ဖူး​မည်နည်း​။ ယခု​မူကား သူ​အသက်ကြီး​သောအခါ သူ့​အဖို့ သား​တစ်​ယောက်​ကို​ငါ​မွေးဖွား​ပေး​ခဲ့​ပြီ​”​ဟု ဆို​လေ​၏​။


အီဂျစ်​အမျိုးသမီး​ဟာဂရ​နှင့် အာဗြဟံ​ရ​သော​သား​သည် ဣဇက်​အား​ပြောင်လှောင်​သည်​ကို စာရာ​မြင်​သောအခါ


ထိုအခါ ဣဇက်​သည် သူ​တို့​အတွက် စားသောက်ပွဲ​တည်ခင်း​၍ သူ​တို့​သည် စား​သောက်​ကြ​၏​။


ထို့ကြောင့် လာဗန်​သည် ထို​အရပ်​၌​ရှိ​သော​လူ​အပေါင်း​တို့​ကို​ဖိတ်ခေါ်​လျက် စားသောက်ပွဲ​ကျင်းပ​လေ​၏​။


ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​တွင် ဖာရော​မင်းကြီး​၏​မွေး​နေ့​ကျရောက်သဖြင့် မိမိ​၏​အမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ​ပြုလုပ်​လေ​၏​။ မိမိ​၏​အမှုထမ်း​တို့​ရှေ့​၌ ဖလားတော်ဝန်​ကို​ချီးမြှင့်​၍ စားတော်ဝန်​ကို​ကား ခေါင်း​နှင့်​ကိုယ်​တခြားစီ​ဖြစ်စေ​လေ​၏​။


အာဗနာ​နှင့် သူ့​လူ​အယောက်​နှစ်ဆယ်​တို့​သည် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ​ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် အာဗနာ​နှင့် သူ့​လူ​တို့​အတွက် စားသောက်ပွဲ​ကျင်းပ​ပေး​၏​။


ရှောလမုန်​မင်းကြီး​နိုးလာ​လျှင် အိပ်မက်​ဖြစ်ကြောင်း​ကို သိ​ရ​လေ​၏​။ သူ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်သွား​၍ ဘုရားရှင်​၏​ပဋိညာဉ်​သေတ္တာ​တော်​ရှေ့​တွင် ရပ်​လျက် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​လေ​၏​။ ထို့နောက် သူ​၏​အမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ ကျင်းပ​ပေး​လေ​၏​။


နန်းစံ​တတိယ​နှစ်​တွင် မင်းကြီး​သည် မိမိ​၏​မှူးမတ်​နှင့် မင်းမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ​ကို​ကျင်းပ​လေ​၏​။ ပါးရှား​ပြည်​နှင့် မေဒိ​ပြည်​မှ​စစ်သည်ဗိုလ်ပါ​များ​၊ ပြည်တကာ​တို့​မှ မင်းညီမင်းသား​များ​နှင့် မှူးမတ်​များ​လည်း သူ​နှင့်အတူ ပွဲခံ​ကြ​၏​။


အကယ်စင်စစ် မိမိ​၏​မိခင်​နှင့်အတူ​ရှိ​သည့် နို့ပြတ်​ပြီး​သော​ကလေးငယ်​ကဲ့သို့ အကျွန်ုပ်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ငြိမ်သက်​တိတ်ဆိတ်​စွာ​နေ​စေ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အကျွန်ုပ်​အထဲ​၌ နို့ပြတ်​ပြီး​သော​ကလေးငယ်​ကဲ့သို့​ဖြစ်​ပါ​၏​။


လောရုဟာမာ​ကို နို့ဖြတ်​ပြီးနောက် ဂေါမာ​သည် ကိုယ်ဝန်ဆောင်​ပြန်​၍ သား​ယောက်ျား​ကို​မွေးဖွား​၏​။


ရှံဆုန်​၏​ဖခင်​သည် ဖိလိတ္တိ​မိန်းမပျို​နှင့် သွားရောက်​တွေ့ဆုံ​၏​။ ရှံဆုန်​မူကား လူပျို​တို့​ဓလေ့ထုံးစံ​အတိုင်း စားသောက်ပွဲ​လုပ်​လေ​၏​။


ရှံဆုန်​က ထို​သူ​တို့​အား “​ယခု သင်​တို့​ကို စကားထာဝှက်​မည်​။ ပွဲခံရာ​ခုနစ်​ရက်​အတွင်း အဖြေ​ကို ရှာတွေ့​ပြီး ပြောပြ​နိုင်​လျှင် ပိတ်ချော​ဝတ်ရုံ​အထည်​သုံးဆယ်​နှင့် ဝတ်စုံ​အစုံ​သုံးဆယ်​ကို သင်​တို့​အား​ငါ​ပေး​မည်​။


သို့သော် ဟန္န​က လိုက်​မ​သွား​ဘဲ သူ့​ခင်ပွန်း​အား “​သူငယ်​နို့ပြတ်​ပြီးမှ သူ့​ကို ခေါ်သွား​မည်​။ သူ​သည် ထာဝရဘုရား​ရှေ့​တော်​သို့ ရောက်​၍ ထို​နေရာ​တွင် အစဉ်အမြဲ​နေ​ရ​မည်​”​ဟု ဆို​၏​။


သူငယ်​နို့ပြတ်​ပြီးမှ ဟန္န​သည် နွားထီး​သုံး​ကောင်​၊ မုန့်ညက်​တစ်​ဧဖာ​၊ စပျစ်ဝိုင်​တစ်​ဘူး​ကို ယူ​ပြီးလျှင် သူငယ်​ကို ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ရာ ရှိလော​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ သူငယ်​ကား အလွန်​နုနယ်​သေး​၏​။


အဘိဂဲလ​သည် နာဗလ​ထံ​ပြန်ရောက်​သောအခါ နာဗလ​သည် အိမ်​ထဲတွင် ရှင်ဘုရင်​စားသောက်ပွဲ​ကဲ့သို့ စားသောက်ပွဲ​ကျင်းပ​လျက် အလွန်အကြူး​မူးယစ်​ပျော်ပါး​နေ​သည်​ကို တွေ့​ရ​သဖြင့် နံနက်​မိုးလင်း​သည့်​တိုင် မည်သည့်​အမှု​ကြီး​ငယ်​ကို​မျှ သူ့​အား မ​ပြောပြ​ပေ​။