Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 3:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 အာဗနာ​နှင့် သူ့​လူ​အယောက်​နှစ်ဆယ်​တို့​သည် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ​ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် အာဗနာ​နှင့် သူ့​လူ​တို့​အတွက် စားသောက်ပွဲ​ကျင်းပ​ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 အာ​ဗ​နာ​သည်​လူ​နှစ်​ကျိပ်​နှင့်​ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ် သည်​သူ​တို့​အား​စား​ပွဲ​တည်​ခင်း​ကျွေး​မွေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 လူ နှစ် ကျိပ် နှင့် တ ကွ အာ ဗ နာ ရောက် သော် ဒါ ဝိဒ် မင်း သည် အာ ဗ နာ နှင့် အ ပေါင်း ပါ တို့ အ ဖို့ စား သောက် ပွဲ ခင်း ကျင်း လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 လူ​နှစ်​ကျိပ်​ပါ​လျက် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​သ​ဖြင့်၊ ဒါ​ဝိဒ်​သည်​ပွဲ​လုပ်၍ အာ​ဗ​နာ​နှင့် သူ၏​လူ​တို့​ကို ကျွေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 3:20
6 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဣဇက်​သည် သူ​တို့​အတွက် စားသောက်ပွဲ​တည်ခင်း​၍ သူ​တို့​သည် စား​သောက်​ကြ​၏​။


ထို့နောက် ယာကုပ်​သည် တောင်​ပေါ်၌​ယဇ်ကောင်​ကို​ပူဇော်​၍ အစားအစာ​စားသောက်​ရန် မိမိ​၏​ဆွေမျိုးသားချင်း​တို့​ကို​ဖိတ်ခေါ်​လေ​၏​။ သူ​တို့​သည်​လည်း အစားအစာ​စားသောက်​ပြီးလျှင် တောင်​ပေါ်၌ ညအိပ်နား​ကြ​၏​။


အာဗနာ​သည် ဗင်္ယာမိန်​အမျိုးအနွယ်​တို့​နှင့်​လည်း တိုင်ပင်​ပြောဆို​ခဲ့​၏​။ ထို့နောက် အစ္စရေး​လူမျိုး​အပါအဝင် ဗင်္ယာမိန်​တစ်မျိုးနွယ်လုံး​၏​ကောင်း​သော​ထင်မြင်ချက်​အလုံးစုံ​တို့​ကို ဒါဝိဒ်​မင်းကြီး​အား တင်ပြ​ရန် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ​ဟေဗြုန်​မြို့​သို့ သွား​လေ​၏​။


အာဗနာ​က ဒါဝိဒ်​မင်းကြီး​အား “​အစ္စရေး​တစ်မျိုးနွယ်လုံး​အရှင်​မင်းကြီး​ထံ​ရောက်လာ​၍ အရှင့်​ထံ၌ ကတိသစ္စာ​ခံ​ကြ​မည့်​အကြောင်း​၊ အရှင်မင်းကြီး​စိတ်​ရှိ​သည့်​အတိုင်း သူ​တို့​ကို အုပ်စိုး​နိုင်​မည့်​အကြောင်း အကျွန်ုပ်​ထ​သွား​၍ သူ​တို့​ကို စုရုံး​ပါ​မည်​”​ဟု ဆို​လျှင် ဒါဝိဒ်​မင်းကြီး​ပြန်ခွင့်ပြု​သဖြင့် အာဗနာ​လည်း အေးချမ်း​စွာ​ပြန်သွား​လေ​၏​။


နန်းစံ​တတိယ​နှစ်​တွင် မင်းကြီး​သည် မိမိ​၏​မှူးမတ်​နှင့် မင်းမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ​ကို​ကျင်းပ​လေ​၏​။ ပါးရှား​ပြည်​နှင့် မေဒိ​ပြည်​မှ​စစ်သည်ဗိုလ်ပါ​များ​၊ ပြည်တကာ​တို့​မှ မင်းညီမင်းသား​များ​နှင့် မှူးမတ်​များ​လည်း သူ​နှင့်အတူ ပွဲခံ​ကြ​၏​။


အဘိဂဲလ​သည် နာဗလ​ထံ​ပြန်ရောက်​သောအခါ နာဗလ​သည် အိမ်​ထဲတွင် ရှင်ဘုရင်​စားသောက်ပွဲ​ကဲ့သို့ စားသောက်ပွဲ​ကျင်းပ​လျက် အလွန်အကြူး​မူးယစ်​ပျော်ပါး​နေ​သည်​ကို တွေ့​ရ​သဖြင့် နံနက်​မိုးလင်း​သည့်​တိုင် မည်သည့်​အမှု​ကြီး​ငယ်​ကို​မျှ သူ့​အား မ​ပြောပြ​ပေ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ