ကမ္ဘာဦး 2:13 - မြန်မာ့စံမီသမ္မာကျမ်း ဒုတိယမြစ်၏အမည်ကား ဂိဟုန်ဖြစ်၏။ ထိုမြစ်သည် ကုရှပြည်တစ်လျှောက် ကွေ့ပတ်စီးဆင်းလေ၏။ Common Language Bible ဒုတိယမြစ်သည်ကားဂိဟုန်မြစ်ဖြစ်၍ကုရှ ပြည်ကိုပတ်၍စီးဆင်း၏။- Garrad Bible ဒု တိ ယ မြစ် ကား ဂိ ဟုန် အ မည် ရှိ၏။ ထို မြစ် သည် ကု ရှ ပြည် တစ် လျှောက် လုံး ကို လှည့် ၍ စီး သွား လေ ၏။ Judson Bible ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြစ်သည် ကုရှပြည်နားတစ်လျှောက်လုံးကို စီးသွားလေ၏။ |
ကုရှသည် သားနိမ်ရောဒကိုလည်းရ၏။ နိမ်ရောဒသည် ကမ္ဘာမြေကြီးပေါ်မှာ အဦးဆုံးလူစွမ်းကောင်းဖြစ်လာ၏။
ပထမမြစ်၏အမည်ကား ဖိရှုန်ဖြစ်၏။ ထိုမြစ်သည် ရွှေထွက်သော ဟဝိလပြည်တစ်လျှောက်ကို ကွေ့ပတ်စီးဆင်းလေ၏။
ထိုပြည်မှထွက်သောရွှေသည် ကောင်းလှ၏။ ပယင်းနှင့်မဟူရာကြောင်ဝင်ကျောက်တို့လည်း ထွက်၏။
တတိယမြစ်၏အမည်ကား တိုက်ဂရစ်ဖြစ်၏။ ထိုမြစ်သည် အဆီးရီးယားပြည်၏အရှေ့ဘက်သို့ စီးဆင်းလေ၏။ စတုတ္ထမြစ်ကား ယူဖရေးတီးမြစ်ဖြစ်၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။