နောက်မှလိုက်လာသော လောတ၏မယားမူကား နောက်လှည့်ကြည့်သဖြင့် ဆားတိုင်ဖြစ်သွားလေ၏။
လောတ၏မယားကမူနောက်သို့လှည့်ကြည့်မိသဖြင့် ဆားတိုင်အဖြစ်သို့ပြောင်းလဲသွားလေသည်။
လော တ မ ယား မှာ လိုက် သွား စဥ် လှည့် ကြည့်၍ ဆား တိုင် ဖြစ် ရ ရှာ လေ ၏။
လောတ၏မယားမူကား၊ နောက်သို့လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။
ထိုသို့ သူတို့ကို မြို့အပြင်ဘက်သို့ ခေါ်ထုတ်ပြီးနောက် ကောင်းကင်တမန်တစ်ပါးက “အသက်လွတ်အောင်ပြေးလော့။ နောက်လှည့်မကြည့်နှင့်။ ဤမြစ်ဝှမ်းရှိ မည်သည့်အရပ်၌မျှမရပ်နှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ်လျှင် သင်သည် ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆို၏။
စိတ်သဘောဖောက်ပြန်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာများနှင့် ဝအီလိမ့်မည်။ သူတော်ကောင်းမူကား မိမိပြုမူကျင့်ကြံသောအမှုအရာများနှင့် ပြည့်စုံကြွယ်ဝလိမ့်မည်။
အသက်ဆုံးရှုံးသွားသော ထိုအပြစ်သားတို့၏မီးကျီးခံဗန်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်ပြီးဖြစ်၍ သန့်ရှင်းသောကြောင့် အပြားခတ်ပြီး ယဇ်ပလ္လင်ကိုအုပ်ထားရမည်။ ၎င်းသည် အစ္စရေးအမျိုးသားတို့အတွက် အမှတ်လက္ခဏာအဖြစ်ရှိရမည်”ဟု မိန့်တော်မူ၏။
ငါ၏ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်မည်။ သူသည် တွန့်ဆုတ်လျှင် ငါ၏စိတ်ဝိညာဉ်သည် သူ့ကိုနှစ်သက်မည်မဟုတ်”ဟူ၍ ဖော်ပြထား၏။