၄ ရာ 9:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ဝင်သွား၏။ ပရောဖက်လုလင်ပျိုသည် ဆီကို သူ့ခေါင်းပေါ်သွန်းလောင်းပြီး “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက သင့်အား ‘ငါသည် သင့်ကို ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့၏ဘုရင်အဖြစ် ဘိသိက်ပေးတော်မူပြီ။ Ver CapítuloCommon Language Bible6 ထိုနောက်သူတို့နှစ်ယောက်သည်အိမ်ထဲသို့ဝင် သွားပြီးလျှင် လူငယ်ပရောဖက်သည်ယေဟု ၏ဦးခေါင်းပေါ်သို့သံလွင်ဆီကိုသွန်းလောင်း ကာ``ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါသည်သင့်အား ဣသရေလဘုရင်အဖြစ်ဘိသိက်ပေး၏။- Ver CapítuloGarrad Bible6 အိမ် တွင်း သို့ ထ ဝင် သည့် ကာ လ၊ ပ ရော ဖက် ငယ် သည် သူ့ ဦး ခေါင်း ပေါ် တွင် ဆီ သွန်း လောင်း လျက်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား ငါ ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ဣ သ ရေ လ အ ပေါ် တွင် ဘု ရင် အ ဖြစ် သင့် ကို ငါ ဘိ သိက် သွန်း ပြီ။ Ver CapítuloJudson Bible6 ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည်သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။ Ver Capítulo |
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
ယောရံမင်းကြီးထံ အာခဇိမင်းကြီး သွားရောက်ကြည့်ရှုခြင်းသည် အာခဇိမင်းကြီးပျက်စီးမည့်အကြောင်း ဘုရားသခင် စီရင်ထားခြင်းဖြစ်၏။ သူရောက်သွားသောအခါ သူသည် ယဟောရံမင်းကြီးနှင့်အတူ စစ်ချီသွား၍ အာဟပ်မင်းမျိုးမင်းနွယ်ကို သုတ်သင်ပယ်ရှင်းရန် ထာဝရဘုရား ဘိသိက်ပေးထားသူ နိမ်ရှိ၏မြေးယေဟုကို တိုက်ခိုက်၏။
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
သင်သည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရမည်။ နွားကဲ့သို့ မြက်ကိုစားရမည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သင်သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရမည်”ဟု ကောင်းကင်မှ အသံတော်ရောက်လာ၏။