၄ ရာ 5:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထိုသို့ အစ္စရေးဘုရင်သည် မိမိအဝတ်ကိုဆုတ်ဖြဲကြောင်း ဘုရားသခင်၏လူဧလိရှဲကြားလျှင် ရှင်ဘုရင်ထံလူလွှတ်၍ “အဘယ်ကြောင့် ကိုယ့်အဝတ်ကိုဆုတ်ဖြဲရသနည်း။ ထိုသူကို အကျွန်ုပ်ထံသို့ လွှတ်လိုက်ပါ။ အစ္စရေးပြည်တွင် ပရောဖက်ရှိကြောင်းကို သူသိရလိမ့်မည်”ဟု မှာလိုက်၏။ Ver CapítuloCommon Language Bible8 ပရောဖက်ဧလိရှဲသည်ဤအဖြစ်အပျက်ကို ကြားသိသောအခါ``အဘယ်ကြောင့်အရှင်သည် ဤမျှစိတ်အနှောက်အယှက်ဖြစ်တော်မူရပါ သနည်း။ ဣသရေလပြည်တွင်ပရောဖက်ရှိ ကြောင်းသိစေရန် သူ့အားငါ့ထံသို့လွှတ် လိုက်ပါလော့'' ဟုမင်းကြီးအားမှာလိုက်လေ သည်။ Ver CapítuloGarrad Bible8 ဘု ရား သ ခင့် လူ ယုံ တော် ဧ လိ ရှဲ သည် ဝတ် လဲ တော် ကို ဣ သ ရေ လ ဘုရင် ဆုတ် သည် ဟု ကြား သော်၊ ဝတ် လဲ တော် ဆုတ် ခြင်း ကား အ သို့ နည်း။ ဣ သ ရေ လ ပြည်၌ ပ ရော ဖက် ရှိ ကြောင်း သိ စေ ရန် ငါ့ ထံ လွှတ် လိုက် လော့ ဟု ဘု ရင် မင်း အား မှာ လိုက် သည့် အ တိုင်း Ver CapítuloJudson Bible8 ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကိုဆုတ်သည်ဟု ဘုရားသခင်၏လူဧလိရှဲသည်ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကိုဆုတ်သနည်း။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ။ ဣသရေလပြည်၌ပရောဖက်ရှိသည်ကို သိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ၏။ Ver Capítulo |
တမန်တို့ကလည်း “လူတစ်ယောက်က အကျွန်ုပ်တို့ကို လာတွေ့ပြီး ‘သင်တို့ကိုစေလွှတ်လိုက်သော ရှင်ဘုရင်ထံပြန်သွား၍ သူ့အား ထာဝရဘုရားက ဧကြုန်ဘုရားဗာလဇေဗုပ်ကို သွားမေးစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်ဟု မိန့်တော်မူကြောင်း ပြန်လျှောက်လော့’ဟူ၍ ဆိုပါ၏”ဟု လျှောက်တင်ကြ၏။
အစ္စရေးဘုရင်သည် ထိုစာကိုဖတ်ပြီးလျှင် မိမိအဝတ်ကိုဆုတ်ဖြဲလျက် “ငါသည် အသက်ကို သေစေနိုင်၊ ရှင်စေနိုင်သောဘုရားလော။ အဘယ်ကြောင့် ဤဘုရင်သည် အနာကြီးရောဂါစွဲနေသောသူကို ငါ့ထံပို့ပြီးပျောက်အောင်ကုသစေသနည်း။ ယခု ကြည့်ပါ။ သူသည် ငါ့ကိုရန်ရှာခြင်းသာဖြစ်သည်မှာသိသာ၏”ဟု မိန့်ဆို၏။