၄ ရာ 5:7 - မြန်မာ့စံမီသမ္မာကျမ်း7 အစ္စရေးဘုရင်သည် ထိုစာကိုဖတ်ပြီးလျှင် မိမိအဝတ်ကိုဆုတ်ဖြဲလျက် “ငါသည် အသက်ကို သေစေနိုင်၊ ရှင်စေနိုင်သောဘုရားလော။ အဘယ်ကြောင့် ဤဘုရင်သည် အနာကြီးရောဂါစွဲနေသောသူကို ငါ့ထံပို့ပြီးပျောက်အောင်ကုသစေသနည်း။ ယခု ကြည့်ပါ။ သူသည် ငါ့ကိုရန်ရှာခြင်းသာဖြစ်သည်မှာသိသာ၏”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible7 ဣသရေလဘုရင်သည်ထိုစာကိုရသောအခါ အဝတ်တော်ကိုဆုတ်လျက်``ငါသည်ဤသူ၏ ရောဂါကိုပျောက်ကင်းစေလိမ့်မည်ဟုအဘယ် သို့ရှုရိမင်းမျှော်လင့်နိုင်ပါသနည်း။ ငါသည် အသက်ကိုပေးပိုင်နုတ်ပိုင်သောတန်ခိုးနှင့်ပြည့် စုံသည့်ဘုရားဖြစ်ပါသလော။ သူသည်ငါ့အား ရန်ရှာသည်မှာထင်ရှားပါသည်တကား'' ဟု ဆို၏။ Ver CapítuloGarrad Bible7 ဣ သ ရေ လ ဘု ရင် ဖတ် ကြည့် သော အ ခါ ဝတ် လဲ တော် ကို ဆုတ် လျက် နူ နာ ပျောက် ကင်း စေ ရန် ဤ သူ့ ကို ပို့ လိုက် သည် မှာ အ သက် ပေး ပိုင် နုတ် ပိုင် သော ဘု ရား ငါ ဖြစ် ပါ သ လော။ ထို မင်း ရန် ရှာ ကြောင်း ကို သိ မှတ် ကြ လော့ ဟု ဆို ၏။ Ver CapítuloJudson Bible7 ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ၊ မိမိအဝတ်ကိုဆုတ်၍၊ ငါသည်အသက်ပေးပိုင်၊ နုတ်ပိုင်သောဘုရားဖြစ်သောကြောင့်၊ ဤသူသည် လူနူကိုချမ်းသာပေးစေခြင်းငှာ ငါ့ထံသို့စေလွှတ်သလော။ ကြည့်ကြလော့။ ဤသူသည် ငါ့ကိုအဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို၏။ Ver Capítulo |
ရှင်ဘုရင်သည် အစဉ်အလာအတိုင်း တိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများက ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာမှုတ်နေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။