၄ ရာ 17:34 - မြန်မာ့စံမီသမ္မာကျမ်း34 ယနေ့ထိတိုင်အောင် ဓလေ့ထုံးတမ်းဟောင်းများအတိုင်း ပြုကျင့်လျက်နေကြ၏။ ထာဝရဘုရားအား ကြောက်ရွံ့ခြင်းအလျှင်းမရှိ။ အစ္စရေးဟု အမည်ရသောယာကုပ်၏သားတို့အား ထာဝရဘုရားမိန့်မှာထားတော်မူသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ဥပဒေသများ၊ ပညတ်ချက်များ စသည်တို့ကိုလည်း မလိုက်နာကြပေ။ Ver CapítuloCommon Language Bible34 သူတို့သည်မိမိတို့၏ဋ္ဌလေ့ထုံးစံဟောင်း များကို ယနေ့တိုင်အောင်ကျင့်သုံးလျက်ရှိ ကြ၏။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ ခြင်းမရှိကြ။ ဣသရေလဟူသောနာမည် ဖြင့်ကိုယ်တော်သမုတ်တော်မူသော ယာကုပ် ၏သားမြေးတို့အားကိုယ်တော်ပေးအပ်တော် မူခဲ့သည့် ပညတ်တော်များနှင့်အမိန့်တော် များကိုလည်းမလိုက်နာကြ။- Ver CapítuloGarrad Bible34 ကိုယ့် ဘု ရား များ ကို ဝတ် ပြု၍၊ ယ နေ့ တိုင် အောင် ရှေး ထုံး နည်း အ လိုက် ပြု လေ့ ရှိ ကြ၏။ ဣ သ ရေ လ ဟု သ မုတ် တော် မူ သော ယာ ကုပ် အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် ပ ညတ် တော်၊ တ ရား တော်၊ ထုံး ဖွဲ့ ဆုံး ဖြတ် တော် မူ ချက် များ အ တိုင်း မ လိုက်၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော မ ရှိ ချေ။ Ver CapítuloJudson Bible34 ယနေ့တိုင်အောင် ရှေးထုံးစံဓလေ့သို့ လိုက်ကြသည်ဖြစ်၍၊ ထာဝရဘုရားကို ရိုသေရာမရောက်။ ဣသရေလအမျိုးခံရသော စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်။ ဣသရေလအမည်ဖြင့်သမုတ်သော ယာကုပ်အမျိုးသားတို့၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏။ Ver Capítulo |
အို ယာကုပ်အမျိုးအနွယ်တို့၊ နားထောင်ကြလော့။ သင်တို့သည် အစ္စရေးဟူသောအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူ၊ ယုဒစမ်းရေတွင်းများမှ စီးထွက်လာသူ၊ သစ္စာတရားအားဖြင့်မဟုတ်၊ ဖြောင့်မတ်ခြင်းအားဖြင့်မဟုတ်ဘဲ ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုသူ၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံ ပတ္ထနာပြုသောသူ၊