၄ ရာ 10:17 - မြန်မာ့စံမီသမ္မာကျမ်း17 ယေဟုသည် ရှမာရိမြို့သို့ရောက်လာသောအခါ ထာဝရဘုရားသည် ဧလိယအား မိန့်တော်မူခဲ့သည့်စကားတော်အတိုင်း ရှမာရိမြို့၌ အာဟပ်အမျိုးကြွင်းကျန်သမျှကို အကုန်ပျက်စီးသည်အထိ သတ်လေ၏။ Ver CapítuloCommon Language Bible17 ထိုမြို့သို့ရောက်သောအခါယေဟုသည် အာဟပ် ၏ဆွေမျိုးရှိသမျှတို့ကိုတစ်ယောက်မကျန် သတ်လေသည်။ ဤကားဧလိယအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖြစ်ပျက် ခြင်းပင်ဖြစ်သတည်း။ Ver CapítuloGarrad Bible17 ရှ မာ ရိ မြို့ သို့ ရောက် သော် ဧ လိ ယ အား ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် နှင့် အ ညီ အာ ဟပ် မင်း မျိုး ကြွင်း သ မျှ ကို မ ကုန် မ ချင်း ကွပ် မျက် လေ၏။ Ver CapítuloJudson Bible17 ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရားသည် ဧလိယအားမိန့်တော်မူသော စကားတော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင် ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းလေသမျှတို့ကို သတ်လေ၏။ Ver Capítulo |
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။