၃ ရာ 5:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထာဝရဘုရားက အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘သင့်အရိုက်အရာကိုဆက်ခံပြီး သင့်ရာဇပလ္လင်ပေါ်တွင် ငါစံမြန်းစေမည့် သင့်သားတော်သည် ငါ့နာမအဖို့ အိမ်တော်ကို တည်လိမ့်မည်’ဟု မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ရန် ရည်ရွယ်ပါ၏။ Ver CapítuloCommon Language Bible5 ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။- Ver CapítuloGarrad Bible5 သင့် အ ရိုက် အ ရာ၊ သင့် ရာ ဇ ပ လ္လင် ထက်၊ ငါ တင် မြှောက် မည့် သင့် သား သည် ငါ့ နာ မ အ ဖို့ ဗိ မာန် တော် ကို တည် ဆောက် ရ လိမ့် မည် ဟု ခ မည်း တော် ဒါ ဝိဒ် မင်း အား ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည် တစ် ကြောင်း များ ကြောင့် ကိုယ် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ဖို့ ဗိ မာန် တော် ကို တည် ဆောက် ရန် ကျွန်ုပ် ကြံ စည် ပါ ၏။ Ver CapítuloJudson Bible5 ထာဝရဘုရားက၊ ငါ့အဘဒါဝိဒ်အား သင့်ကိုယ်စား သင်၏ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင်၏သားသည် ငါ့နာမအဖို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ၏။ Ver Capítulo |