၃ ရာ 5:4 - မြန်မာ့စံမီသမ္မာကျမ်း4 ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်လက်ထက်တွင် အေးချမ်းသာယာစေသဖြင့် အကျွန်ုပ်ပတ်လည်တွင် ရန်ပြုသူမရှိ၊ ဘေးအန္တရာယ်လည်း မရှိပါ။ Ver CapítuloCommon Language Bible4 သို့ရာတွင်ယခုအခါ၌ကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားသည် ပတ်ဝန်းကျင် အရပ်ရပ်၌ငြိမ်းချမ်းသာယာမှုကိုပေး တော်မူပါပြီ။ ကျွန်ုပ်မှာရန်သူမရှိပါ။ ရန် သူတိုက်ခိုက်မည့်အန္တရာယ်လည်းမရှိပါ။- Ver CapítuloGarrad Bible4 ယ ခု မှာ ပတ် ဝန်း ကျင် အ ရပ် ရပ် ၌ သာ ယာ ခွင့် ကို ကျွန်ုပ်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး တော် မူ သ ဖြင့် ရန် မူ သူ မ ရှိ၊ ဘေး အ န္တ ရာယ် ကင်း သည် တစ် ကြောင်း၊ Ver CapítuloJudson Bible4 ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရားသည် အရပ်ရပ်၌ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူသဖြင့်၊ ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည်ဖြစ်၍၊ Ver Capítulo |
ကြည့်ရှုလော့။ သင်သည် သားတော်တစ်ပါးကို ရလိမ့်မည်။ သူသည် အေးချမ်းစွာနေရသောသူ ဖြစ်လိမ့်မည်။ ငါသည် သူ့ဝန်းကျင်ရှိရန်သူအားလုံးတို့ကို သူနှင့်သင့်မြတ်စေမည်။ သူ့အမည်ကို ရှောလမုန် ဟုမှည့်ခေါ်ရမည်။ သူ့လက်ထက်တွင် အစ္စရေးပြည်ကို ငြိမ်းချမ်းခြင်း၊ ငြိမ်ဝပ်ခြင်း ရှိစေမည်။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။