၃ ရာ 18:39 - မြန်မာ့စံမီသမ္မာကျမ်း39 လူအပေါင်းတို့သည် ထိုအဖြစ်ကိုမြင်သောအခါ ပျပ်ဝပ်လျက် “ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏”ဟု ကြွေးကြော်လေ၏။ Ver CapítuloCommon Language Bible39 ဤအခြင်းအရာကိုမြင်သောအခါ လူတို့သည် မိမိတို့ကိုယ်ကိုမြေပေါ်တွင်လှဲချကာ``ထာဝရ ဘုရားသည်ဘုရားအမှန်ပင်ဖြစ်ပေသည်။ ထာဝရ ဘုရားတစ်ပါးတည်းသာလျှင်ဘုရားအမှန်ဖြစ် ပါသည်တကား'' ဟုကြွေးကြော်ကြကုန်၏။ Ver CapítuloGarrad Bible39 လူ ပ ရိ သတ် မြင် လျှင် ပျပ် ဝပ်၍ ယေ ဟော ဝါ သည် ဘု ရား သ ခင် ဖြစ် တော် မူ ၏။ ယေ ဟော ဝါ သည် ဘု ရား သခင် ဖြစ် တော် မူ သည် ဟု ဝန် ခံ ကြ သည့် ကာ လ၊ Ver CapítuloJudson Bible39 လူအပေါင်းတို့သည် မြင်လျှင် ပျပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြ၏။ Ver Capítulo |
ဒါဝိဒ်မင်းကြီးသည် မျှော်ကြည့်လျှင် မိုးနှင့်မြေကြားလေထဲ၌ရပ်နေသောကောင်းကင်တမန်တစ်ပါးကို တွေ့ရ၏။ ထိုကောင်းကင်တမန်သည် ဓားကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ဘက်သို့ လက်ဆန့်ထား၏။ ထိုအခါ လျှော်တေအဝတ်ကိုဝတ်ထားသောဒါဝိဒ်မင်းကြီးနှင့်သက်ကြီးဝါကြီးတို့သည် ပျပ်ဝပ်လျက် နေလေ၏။
ဤသို့ မီးကျလာခြင်း၊ အိမ်တော်ပေါ်သို့ ထာဝရဘုရား၏ဘုန်းအသရေတော် ဆင်းသက်လာခြင်းတို့ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်သောအခါ ဒူးထောက်၍ ကျောက်ခင်းကြမ်းပြင်ပေါ်တွင် ပျပ်ဝပ်လျက် “ကိုယ်တော်ကောင်းမြတ်တော်မူပါ၏၊ မေတ္တာကရုဏာတော် အစဉ်တည်ပါ၏”ဟု ထာဝရဘုရားအား ရှိခိုးကိုးကွယ်လျက် ကျေးဇူးတော်ကိုချီးမွမ်းကြ၏။
ဘုရားရှင်ထာဝရဘုရားက ဤသို့မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ အစ္စရေးလူမျိုးကို ငါရွေးချယ်သောနေ့တွင် ငါသည် ယာကုပ်အမျိုး၏သားစဉ်မြေးဆက်အား ကတိသစ္စာပြုခဲ့၏။ အီဂျစ်ပြည်၌ ငါမည်သူဖြစ်ကြောင်း သူတို့ကို သိစေခဲ့၏။ ‘ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု သူတို့အား ကတိသစ္စာပြုခဲ့၏။