၃ ရာ 10:13 - မြန်မာ့စံမီသမ္မာကျမ်း13 ရှောလမုန်မင်းကြီးသည်လည်း ရှေဘဘုရင်မအား စေတနာအလျောက် လက်ဆောင်များကို ပေးသည့်အပြင် သူအလိုရှိသမျှ တောင်းသမျှတို့ကိုလည်း ပေးသေး၏။ ထို့နောက် ဘုရင်မသည် မိမိနောက်လိုက်ဗိုလ်ပါများနှင့်အတူ မိမိပြည်သို့ ပြန်သွားလေ၏။ Ver CapítuloCommon Language Bible13 ရှောလမုန်မင်းသည်အခါအားလျော်စွာ ပေးလေ့ ပေးထရှိသည့်လက်ဆောင်များကို ရှေဘဘုရင်မ အားရက်ရောစွာပေးတော်မူသည့်အပြင် ဘုရင်မ အလိုရှိသမျှသောအရာတို့ကိုလည်းပေးတော် မူ၏။ ထို့နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။ Ver CapítuloGarrad Bible13 လက် တော် ဖြင့် ရှော လ မုန် မင်း ပေး သော လက် ဆောင် တော့် ပြင်၊ ရှေ ဘ ဘု ရင် မ လို သ မျှ တောင်း တိုင်း ပေး လိုက် ပြီး မှ ဘု ရင် မ သည် ကျေး ကျွန် သင်း ပင်း နှင့် တ ကွ ကိုယ့် ပြည် သို့ ပြန် သွား လေ ၏။ Ver CapítuloJudson Bible13 ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတစ်ပါး၊ ရှေဘမိဖုရား၏အလိုဆန္ဒပြည့်စုံစေခြင်းငှာ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။ Ver Capítulo |