၃ ရာ 10:12 - မြန်မာ့စံမီသမ္မာကျမ်း12 ရှင်ဘုရင်သည် စန္ဒကူးသစ်သားများဖြင့် ထာဝရဘုရား၏အိမ်တော်လက်ရန်းနှင့် ဘုရင့်နန်းတော်လက်ရန်း၊ သီချင်းသည်တို့အတွက် စောင်းကောက်စောင်းပြားများကို ပြုလုပ်၏။ ထိုမျှလောက်များပြားလှသောစန္ဒကူးသစ်သားတို့သည် ယနေ့တိုင်အောင် ထပ်၍မရောက်လာ၊ ၎င်းတို့ကို ထပ်၍လည်းမတွေ့ရတော့ပေ။ Ver CapítuloCommon Language Bible12 ရှောလမုန်သည်စန္ဒကူးသားကိုဗိမာန်တော်နှင့် နန်းတော်တွင် လက်ရန်းများပြုလုပ်ရာတွင်လည်း ကောင်း၊ ဂီတဆရာများအတွက်စောင်းကြီး၊ စောင်းငယ်များပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုတော်မူ၏။ ထိုမျှကောင်းသောစန္ဒကူး သားမျိုးကိုဣသရေလပြည်သို့ ယခင်အဘယ် အခါကမျှမသွင်းစဖူးချေ။ ယနေ့တိုင် အောင်လည်းမမြင်ဘူးချေ။ Ver CapítuloGarrad Bible12 လက် ရန်း များ ကို လည်း ကောင်း၊ အ ညိမ့် တော် တို့ တီး ရန် စောင်း တ ယော များ ကို လည်း ကောင်း၊ ဘု ရင် မင်း လုပ် စေ ၏။ ဤ မျှ လောက် ကောင်း သော နံ့ သာ သား သည် ယ နေ့ တိုင် မ ပေါ် မ ရောက် ချေ။ Ver CapítuloJudson Bible12 ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကိုလည်းကောင်း၊ သီချင်းဆိုသောသူတို့ စောင်းနှင့်တယောတို့ကိုလည်းကောင်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် နောက်တစ်ဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။ Ver Capítulo |