၂ ရာချုပ် 34:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထိုအခါ ဟိလခိနှင့်ရှင်ဘုရင်စေလွှတ်လိုက်သူတို့က ဂျေရုဆလင်မြို့၏နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ ဤအကြောင်းများကို ပြောပြရာ Ver CapítuloCommon Language Bible22 မင်းကြီး၏အမိန့်အရဟိလခိနှင့်အချို့ သောသူတို့သည် ယေရုရှလင်မြို့သစ်ပိုင်းတွင် နေထိုင်သူ၊ ဟုလဒအမည်ရှိအမျိုးသမီး ပရောဖက်ထံသို့သွား၍စုံစမ်းမေးမြန်း ကြ၏။ (ထိုအမျိုးသမီး၏ခင်ပွန်း၊ ဟရဟတ် ၏မြေး၊ တိကဝ၏သား၊ ရှလ္လုံသည်ဗိမာန် တော်ဆိုင်ရာဝတ်လုံများကိုထိန်းသိမ်းရ သူဖြစ်သတည်း။) သူတို့သည်ထိုအမျိုး သမီးအားဖြစ်ပျက်သည့်အမှုအရာများ ကိုပြောပြကြ၏။- Ver CapítuloGarrad Bible22 ဟိ လ ခိ နှင့် စေ သူ တို့ ပါ၊ ယေ ရု ရှ လင် မြို့ ဒု တိ ယ အ ရပ် တွင် နေ ထိုင် သူ ဟ သ ရ မြေး၊ တုတ် ဟတ် သား၊ အ ချုပ် ဝန် ရှ လ္လုံ ၏ ခင် ပွန်း ပ ရော ဖက် မ ဟု လ ဒ ထံ သွား ရောက် မေး မြန်း ကြ ရာ၊ Ver CapítuloJudson Bible22 ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ၏သား အချုပ်ဝန် ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒသည် ယေရုရှလင်မြို့၌ နေသည်ဖြစ်၍၊ ဟိလခိနှင့် ရှင်ဘုရင်၏လူတို့သည် ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။ Ver Capítulo |
“ငါ့အတွက်သာမက အစ္စရေးပြည်၊ ယုဒပြည်၌ကြွင်းကျန်သောသူတို့အတွက် ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးလျှောက်ကြလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏စကားတော်ကို မလိုက်နာ၊ ဤကျမ်းထဲ၌ရေးထားသမျှအတိုင်း မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။