၂ ရာချုပ် 29:17 - မြန်မာ့စံမီသမ္မာကျမ်း17 ပထမလ၊ ပထမရက်တွင် သန့်ရှင်းခြင်းအမှုကို စတင်ပြုလုပ်ရာ ထိုလရှစ်ရက်မြောက်သောနေ့တွင်မှ ထာဝရဘုရားအိမ်တော်ဆင်ဝင်ထိရောက်၏။ နောက်ထပ်ရှစ်ရက်ပတ်လုံး ထာဝရဘုရား၏အိမ်တော်သန့်ရှင်းခြင်းအမှုကိုပြုပြီး ပထမလ၊ တစ်ဆယ့်ခြောက်ရက်နေ့တွင် ပြီးစီးလေ၏။ Ver CapítuloCommon Language Bible17 သူတို့သည်ပထမလတစ်ရက်နေ့မှအစ ပြု၍ မုခ်ဦးခန်းအပါအဝင်ဗိမာန်တော် သန့်စင်မှုကိုဆောင်ရွက်ကြရာရှစ်ရက်နေ့ ၌ပြီးစီးသွား၏။ ထိုနောက်သူတို့သည် ထပ်မံ၍ရှစ်ရက်တိုင်တိုင် လဆန်းတစ်ဆယ့် ခြောက်ရက်နေ့အထိဗိမာန်တော်ကိုဝတ် ပြုကိုးကွယ်မှုအတွက်ပြင်ဆင်ကြလေ သည်။ Ver CapítuloGarrad Bible17 ပ ဌ မ လ တစ် ရက် အ စ ပြု၍၊ ရှစ် ရက် တိုင် လျှင် မုတ် ဆောင် တော် သို့ ရောက် လျက်၊ ဗိ မာန် တော် အ တွင်း၊ ဒု တိ ယ ရှစ် ရက် ဆောင် ရွက် ၍၊ ၎င်း လ ဆယ့် ခြောက် ရက် မြောက် သော်၊ ဗိ မာန် တော် လုံး ကို သန့် ရှင်း၍ ပြီး စီး ကြ ၏။ Ver CapítuloJudson Bible17 ပထမလတစ်ရက်နေ့တွင် သန့်ရှင်းစပြု၍၊ ရှစ်ရက်နေ့တွင် ဗိမာန်တော်ဦးသို့ရောက်ကြ၏။ ထိုနောက် ရှစ်ရက်ပတ်လုံး၊ ဗိမာန်တော်ကိုသန့်ရှင်းစေ၍ ပထမလ တစ်ဆယ်ခြောက်ရက်နေ့တွင် လက်စသတ်ကြ၏။ Ver Capítulo |