၂ ရာချုပ် 29:16 - မြန်မာ့စံမီသမ္မာကျမ်း16 ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏အိမ်တော်အတွင်းခန်းထဲသို့ ဝင်သွားပြီး သန့်ရှင်းအောင်ပြု၏။ ထာဝရဘုရား၏အိမ်တော်အတွင်းရှိ သူတို့တွေ့သမျှ မသန့်ရှင်းသောအရာတို့ကို ထာဝရဘုရား၏အိမ်တော်ဝင်းသို့ထုတ်သွားကြ၏။ လေဝိအမျိုးသားတို့သည် ၎င်းတို့ကို မြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ထုတ်သွားကြ၏။ Ver CapítuloCommon Language Bible16 ယဇ်ပုရောဟိတ်တို့သည်သန့်စင်မှုကို ဆောင်ရွက်ရန် ဗိမာန်တော်သို့ဝင်၍ဘာသာ ရေးထုံးနည်းအရ မသန့်စင်သည့်အရာ ဟူသမျှကိုတံတိုင်းတော်သို့ထုတ်လာ သောအခါ ထိုအရာများကိုလေဝိအနွယ် ဝင်တို့ကမြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ပို့ကြလေသည်။ Ver CapítuloGarrad Bible16 ဗိ မာန် တော် အ တွင်း ခန်း ကို စင် ကြယ် အောင် ပြု ရန်၊ ပ ရော ဟိတ် တို့ ဝင် လျက်၊ မ စင် ကြယ် ရာ ဟူ သ မျှ ကို တံ တိုင်း တော် သို့ ထုတ် ပြီး မှ၊ လေ ဝိ ဂိုဏ်း သား တို့ သယ် ပိုး ၍ ကေ ဒြုန် ချိုင့် သို့ ပို့ ကြ ၏။ Ver CapítuloJudson Bible16 ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ကို သန့်ရှင်းစေခြင်းငှာ၊ အတွင်းခန်းထဲသို့ဝင်၍၊ တွေ့သမျှသောအမှိုက်ကို တံတိုင်းသို့ထုတ်ပြီးလျှင်၊ လေဝိသားတို့သည် ကေဒြုန်ချောင်းသို့ ယူသွားကြ၏။ Ver Capítulo |
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသည့် သင်္ချိုင်းဂူများနှင့်တူကြ၏။ ၎င်းတို့သည် အပြင်ဘက်၌ တင့်တယ်စွာထင်ရှားသော်လည်း အတွင်း၌ကား လူသေတို့၏အရိုးများနှင့် ညစ်ညူးသောအရာအမျိုးမျိုးတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။