၂ ရာချုပ် 26:21 - မြန်မာ့စံမီသမ္မာကျမ်း21 ဤသို့ဖြင့် ဩဇိမင်းကြီးသည် သေသည်အထိ အနာကြီးရောဂါစွဲကပ်လေ၏။ ထိုသို့ အနာကြီးရောဂါစွဲသောကြောင့်လည်း သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ ထာဝရဘုရား၏အိမ်တော်မှလည်း ဖယ်ထုတ်ခြင်းခံရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။ Ver CapítuloCommon Language Bible21 သြဇိမင်းသည်ထိုအချိန်မှစ၍သေသည် တိုင်အောင် ဤရောဂါကြောင့်ဘာသာရေးထုံး နည်းအရမသန့်စင်သူဖြစ်လာလေသည်။ သူသည်ဗိမာန်တော်သို့နောက်တစ်ဖန်ပြန် လည်ဝင်ရောက်ခွင့်မရတော့သဖြင့် သားတော် ယောသံအားမိမိ၏တာဝန်ဝတ္တရားများ ကိုလွှဲပြောင်းပေးအပ်လိုက်ရ၏။ တိုင်းပြည် ကိုသားတော်အုပ်စိုးလျက်နေစဉ် သူသည် မိမိ၏အိမ်တော်၌သာနေထိုင်ရလေသည်။ Ver CapítuloGarrad Bible21 ဩ ဇိ မင်း သည်၊ အ သက် ထက် ဆုံး၊ နူ နာ စွဲ သည့် အ တွက်၊ ဗိ မာန် တော် ထဲ သို့ ဝင် ခွင့် မ ရ ဘဲ၊ စံ နန်း ဆောင် တွင် သီး ခြား စံ နေ ရ လျှင်၊ သား တော် ယော သံ သည်၊ နန်း တော်၊ နိုင် ငံ တော် ကို အုပ် စိုး စီ ရင် ရ ၏။ Ver CapítuloJudson Bible21 ထိုသို့ ဩဇိမင်းကြီးသည် သေသည်တိုင်အောင် နူနာစွဲ၍၊ ခြားနားသောနန်း၌ နေရ၏။ ဗိမာန်တော်သို့ ဝင်သောအခွင့်ကို မရ။ သားတော်ယောသံသည် နန်းတော်ကိုအုပ်စိုး၍ နိုင်ငံတော်မှုကိုစီရင်ရ၏။ Ver Capítulo |