၂ ရာချုပ် 25:20 - မြန်မာ့စံမီသမ္မာကျမ်း20 သို့သော် အာမဇိမင်းကြီးသည် နားမထောင်ပေ။ သူသည် ဧဒုံဘုရားများကို ကိုးကွယ်သောကြောင့် ဘုရားသခင်သည် သူ့ကိုရန်သူလက်သို့အပ်ရန် စီရင်တော်မူပြီ။ Ver CapítuloCommon Language Bible20 သို့ရာတွင်သူ၏စကားကို အာမဇိသည် နားမထောင်။ သူသည်ဧဒုံအမျိုးသားတို့ ကိုးကွယ်သည့်ရုပ်တုများကိုဝတ်ပြုရှိခိုး သဖြင့် သူ့အားအရေးရှုံးနိမ့်စေရန်ထာဝရ ဘုရားအလိုရှိတော်မူ၏။- Ver CapítuloGarrad Bible20 သို့ ရာ တွင်၊ ဧ ဒုံ ဘု ရား များ ကို လိုက် ရှာ သည့် အ တွက်၊ ရန် သူ တို့ လက် တွင်း သို့ အပ် နှင်း ရန် ဘု ရား သ ခင် ပြ ဋ္ဌာန်း တော် မူ သည် နှင့် အ ညီ၊ Ver CapítuloJudson Bible20 ထိုစကားကို အာမဇိသည် နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သောကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှာ၊ ဘုရားသခင် စီရင်တော်မူ၏။ Ver Capítulo |
ယောရံမင်းကြီးထံ အာခဇိမင်းကြီး သွားရောက်ကြည့်ရှုခြင်းသည် အာခဇိမင်းကြီးပျက်စီးမည့်အကြောင်း ဘုရားသခင် စီရင်ထားခြင်းဖြစ်၏။ သူရောက်သွားသောအခါ သူသည် ယဟောရံမင်းကြီးနှင့်အတူ စစ်ချီသွား၍ အာဟပ်မင်းမျိုးမင်းနွယ်ကို သုတ်သင်ပယ်ရှင်းရန် ထာဝရဘုရား ဘိသိက်ပေးထားသူ နိမ်ရှိ၏မြေးယေဟုကို တိုက်ခိုက်၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။