၂ ရာချုပ် 25:19 - မြန်မာ့စံမီသမ္မာကျမ်း19 သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ ကိုယ့်နန်းတော်၌သာ ကိုယ်စံမြန်းပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။ Ver CapítuloCommon Language Bible19 အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံအမျိုးသားတို့ကိုနှိမ်နင်းလိုက်ပြီဟု ဝါကြွားပြောဆို၏။ သို့ရာတွင်အဆွေတော် နန်းတော်၌ပင်စံမြဲစံနေရန်ကျွန်ုပ်အကြံ ပေးပါ၏။ အဘယ်ကြောင့်အဆွေတော်နှင့်ပြည် သူတို့အား ဆုံးပါးပျက်စီးစေမည့်ဘေး ဒုက္ခကိုရှာလိုပါသနည်း'' ဟုပြန်ကြား လိုက်၏။ Ver CapítuloGarrad Bible19 အ ကြည် တော် သည်၊ ဧ ဒုံ ပြည် ကို အောင် ခဲ့ သည် ဟု အောက် မေ့ လျက်၊ စိတ် နေ မြင့်၍ ဝါ ကြွား ၏။ နန်း တော် တွင် စံ လော့။ အ ကြည် တော် မှ စ ၍ ယု ဒ အ လုံး အ ရင်း ပါ ကျ ဆုံး ရန်၊ အ န္တ ရာယ် ကို အ ဘယ့် ကြောင့် ရှာ ကြံ ကြ သ နည်း ဟု၊ ယု ဒ ဘုရင် အာ မ ဇိ မင်း ထံ ပြန် ဆို လိုက် ၏။ Ver CapítuloJudson Bible19 သင်က ငါသည် ဧဒုံလူတို့ကို လုပ်ကြံပြီဟုဆိုလျက်၊ ဝါကြွားချင်သောစိတ် မြင့်လှ၏။ သို့ရာတွင် ကိုယ်နေရာ၌နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှာ၊ အဘယ်ကြောင့် အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက်လေ၏။ Ver Capítulo |
သို့သော် နေခေါမင်းကြီးက ယောရှိမင်းကြီးထံ တမန်ကိုလွှတ်၍ “အို ယုဒဘုရင်၊ သင်နှင့် အကျွန်ုပ် မည်သို့ဆိုင်သနည်း။ ယခု သင်နှင့်စစ်တိုက်ရန် အကျွန်ုပ်ချီလာသည်မဟုတ်။ အကျွန်ုပ်နှင့်စစ်ဖြစ်နေသောလူမျိုးကိုသာတိုက်ရန် ချီလာ၏။ ဘုရားသခင်သည် အကျွန်ုပ်အား စစ်အမြန်တိုက်စေပြီဖြစ်၍ အကျွန်ုပ်နှင့်အတူရှိသောဘုရားသခင်ကို ဆန့်ကျင်၍ဆီးတားမနေပါနှင့်။ သို့မဟုတ်လျှင် သင့်ကိုဖျက်ဆီးတော်မူမည်”ဟု မှာကြားလိုက်၏။