၂ ရာချုပ် 2:1 - မြန်မာ့စံမီသမ္မာကျမ်း1 ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်နှင့် မိမိနိုင်ငံတော်အတွက် နန်းတော်ကိုတည်ဆောက်ရန် ရည်ရွယ်၏။ Ver CapítuloCommon Language Bible1 ရှောလမုန်သည်ထာဝရဘုရားအားဝတ် ပြုကိုးကွယ်ရန်အတွက်ဗိမာန်တော်ကို လည်းကောင်း၊ မိမိ၏အတွက်နန်းတော်ကို လည်းကောင်းတည်ဆောက်ရန်အကြံရှိတော် မူ၏။- Ver CapítuloGarrad Bible1 ရှော လ မုန် မင်း သည် ထာ ဝ ရ ဘု ရား ၏ နာ မ တော် အ ဖို့ ဗိ မာန် တော် ကို လည်း ကောင်း၊ နိုင် ငံ အ ဖို့ နန်း တော် ကို လည်း ကောင်း၊ တည် ဆောက် မည့် အ ကြံ ရှိ၍ Ver CapítuloJudson Bible1 ရှောလမုန်သည် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်ကိုလည်းကောင်း၊ နန်းတော်ကိုလည်းကောင်း တည်ဆောက်ခြင်းငှာ အကြံရှိ၍၊ Ver Capítulo |
ထာဝရဘုရားက အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘သင့်အရိုက်အရာကိုဆက်ခံပြီး သင့်ရာဇပလ္လင်ပေါ်တွင် ငါစံမြန်းစေမည့် သင့်သားတော်သည် ငါ့နာမအဖို့ အိမ်တော်ကို တည်လိမ့်မည်’ဟု မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ရန် ရည်ရွယ်ပါ၏။
ယခုမှာ ထာဝရဘုရားသည် မိမိပြုထားသောကတိတော်ကို တည်စေပြီ။ ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ငါသည် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းနေရပြီ။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုလည်း တည်ဆောက်ခဲ့ပြီ။
ထာဝရဘုရားအဖို့ အိမ်တော်နှင့် သူ၏နိုင်ငံတော်အဖို့ နန်းတော်ကို တည်ဆောက်ရန် သိနားလည်နိုင်စွမ်းရှိ၍ ဉာဏ်ပညာနှင့်ပြည့်စုံပြီး ပညာရှိသောသားတော်တစ်ပါးကို ဒါဝိဒ်မင်းကြီးအား ပေးတော်မူသော ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသည့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။