၂ ရာချုပ် 11:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဇောရာမြို့၊ အာယလုန်မြို့၊ ဟေဗြုန်မြို့ စသောမြို့တို့ကို တည်ဆောက်ခဲ့၏။ ဤမြို့များသည် ယုဒနယ်၊ ဗင်္ယာမိန်နယ်တို့တွင်ရှိသော ခံတပ်မြို့များဖြစ်၏။ Ver CapítuloCommon Language Bible10 ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့များ ကိုတံတိုင်းကာစေတော်မူ၏။- Ver CapítuloJudson Bible10 ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့တည်းဟူသော ယုဒခရိုင်နှင့် ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သောမြို့တို့ကို ပြုစုလေ၏။ Ver Capítulo |
ထို့နောက်မှ ဒါဝိဒ်က “ယုဒပြည်ရှိမြို့တစ်မြို့မြို့သို့ အကျွန်ုပ်သွားရပါမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက “သွားလော့”ဟု မိန့်ဆို၏။ ဒါဝိဒ်ကလည်း “မည်သည့်မြို့သို့ သွားရပါမည်နည်း”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ဟေဗြုန်မြို့သို့ သွားလော့”ဟု မိန့်တော်မူ၏။
ထို့ပြင် ဖိလိတ္တိလူမျိုးတို့သည်လည်း မြေနိမ့်ဒေသရှိမြို့ရွာများနှင့် ယုဒပြည်နေဂေ့အရပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဗက်ရှေမက်မြို့၊ အာယလုန်မြို့၊ ဂေဒရုတ်မြို့၊ စောခေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တိမနတ်မြို့နှင့်ဝန်းကျင်မြို့ရွာများ၊ ဂိမဇောမြို့နှင့်ဝန်းကျင်မြို့ရွာများကို သိမ်းပိုက်ကာ ထိုနေရာတို့၌ နေထိုင်ကြ၏။