၂ ရာ 7:29 - မြန်မာ့စံမီသမ္မာကျမ်း29 ယခု ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် ရှေ့တော်တွင် အစဉ်အမြဲတည်နေစေရန် အလိုတော်အတိုင်း ကောင်းချီးပေးတော်မူပါ။ ဘုရားရှင်ထာဝရဘုရားကိုယ်တော်တိုင် မိန့်တော်မူပြီဖြစ်၍ ကိုယ်တော်ပေးတော်မူသောကောင်းချီးအားဖြင့် ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် အစဉ်အမြဲကောင်းချီးခံစားရပါစေသော”ဟု တောင်းလျှောက်လေ၏။ Ver CapítuloCommon Language Bible29 ကိုယ်တော့်ကျွန်၏သားမြေးတို့သည်ရှေ့ တော်၌ ဆက်လက်၍မျက်နှာရစေရန်သူ တို့အားကောင်းချီးပေးတော်မူပါ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိ ထားတော်မူပါပြီ။ ကိုယ်တော်ရှင်၏ကောင်း ချီးမင်္ဂလာကိုကိုယ်တော့်ကျွန်၏သားမြေး တို့ထာဝစဉ်ခံစားစေတော်မူပါ'' ဟူ၍ တောင်းလျှောက်သတည်း။ Ver CapítuloGarrad Bible29 သို့ ဖြစ်၍ အို အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း ကျွန် တော် မျိုး၏ အိမ် ထောင် သည် စဉ် ဆက် မ ပြတ် ရှေ့ တော် တွင် တည် ခွင့် ရ စေ ရန် ကောင်း ကြီး ပေး သ နား တော် မူ ပါ။ စဉ် ဆက် မ ပြတ် ကျွန် တော် မျိုး ၏ အိမ် ထောင် ၌ ကောင်း ကြီး မင်္ဂ လာ တော် တည် ရှိ ပါ စေ သော ဟူ၍ တောင်း လျှောက် သ တည်း။ Ver CapítuloJudson Bible29 သို့ဖြစ်၍ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း၊ ကောင်းချီးပေးခြင်းငှာ နူးညွတ်သောစိတ်ရှိတော်မူပါ။ အိုအရှင် ထာဝရဘုရား၊ အမိန့်တော်ရှိသည်အတိုင်း ကောင်ချီးပေးတော်မူသောမင်္ဂလာကို၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် အစဉ်အမြဲခံရပါစေသောဟု ဆုတောင်းသတည်း။ Ver Capítulo |