၂ ရာ 21:3 - မြန်မာ့စံမီသမ္မာကျမ်း3 ဒါဝိဒ်မင်းကြီးက ဂိဗောင်မြို့သားတို့အား “ယခု သင်တို့အဖို့ ငါ မည်သို့ပြုပေးရမည်နည်း။ ထာဝရဘုရား၏အမွေတော်ကို သင်တို့ကောင်းချီးပေးကြဖို့ ငါ မည်သို့အပြစ်ဖြေရမည်နည်း”ဟု မေးလျှင် Ver CapítuloCommon Language Bible3 ထို့ကြောင့်ဒါဝိဒ်သည်ဂိဗောင်မြို့မှလူတို့ ကိုခေါ်၍``ငါသည်သင်တို့အဖို့အဘယ် အမှုကိုပြုရပါမည်နည်း။ သင်တို့သည် ထာဝရဘုရား၏လူမျိုးတော်အားကောင်း ချီးပေးကြစေရန် ငါသည်သင်တို့ခံခဲ့ရ သည့်မတရားမှုအတွက်တစ်ခုခုပြု လုပ်ပေးလိုပါသည်'' ဟုမိန့်တော်မူလျှင်၊ Ver CapítuloGarrad Bible3 ထာ ဝ ရ ဘု ရား ပိုင် တော် မူ ရာ လူ မျိုး အား ကောင်း ကြီး မင်္ဂ လာ ပေး ကြ စေ ရန် အ ပြစ် ဖြေ ခြင်း အ ဖြစ် သင် တို့ အ ဖို့ မည် သို့ ငါ ပြု ရ အံ့ နည်း ဟု မေး လျှင် Ver CapítuloJudson Bible3 ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်လူတို့ကို ခေါ်၍၊ သင်တို့အဖို့ အဘယ်သို့ပြုရမည်နည်း။ သင်တို့သည် ထာဝရဘုရား၏ အမွေတော်ကို ကောင်းချီးပေးစေခြင်းငှာ အဘယ်သို့ အပြစ်ဖြေရမည်နည်းဟု မေးလျှင်၊ Ver Capítulo |
လူလူချင်းပြစ်မှားမိလျှင် ဘုရားသခင်သည် ထိုသူအတွက် ကြားဝင်ဖြေရှင်းပေးနိုင်၏။ သို့သော် လူသည် ထာဝရဘုရားကိုပြစ်မှားမိလျှင် မည်သူသည် သူ့အတွက် ကြားဝင်ဖြေရှင်းပေးနိုင်မည်နည်း”ဟု ဆိုဆုံးမသော်လည်း ဖခင်၏စကားကို နားမထောင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ကိုကွပ်မျက်ရန်အလိုရှိတော်မူ၏။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။