၂ ကော 9:6 - မြန်မာ့စံမီသမ္မာကျမ်း6 ငါသည် ဤသို့ဆိုလို၏။ အနည်းငယ်သာမျိုးကြဲသောသူသည် အနည်းငယ်သာရိတ်သိမ်းရမည်။ များစွာမျိုးကြဲသောသူသည် များစွာရိတ်သိမ်းရမည်။ Ver CapítuloCommon Language Bible6 မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် စပါးအနည်းငယ်ကိုသာရိတ်သိမ်းရလိမ့် မည်။ များစွာသောမျိုးစေ့တို့ကိုကြဲသော သူမူကား များစွာသောစပါးတို့ကိုရိတ် သိမ်းရလိမ့်မည်ဖြစ်ကြောင်းသတိပြုလော့။- Ver CapítuloGarrad Bible6 သို့ ရာ တွင် စေး နည်း စွာ စိုက် ပျိုး သူ သည် စေး နည်း စွာ ရိတ် သိမ်း ခွင့်၊ ရက် ရော စွာ စိုက် ပျိုး သူ သည် ရက် ရော စွာ ရိတ် သိမ်း ခွင့် ရ လိမ့် မည်။ Ver CapítuloJudson Bible6 အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း6 မျိုးစေ့အနည်းငယ်သာ ကြဲသောသူသည် အနည်းငယ်သာ ရိတ်သိမ်းရလိမ့်မည်။ များစွာကြဲသောသူသည် များစွာ ရိတ်သိမ်းရလိမ့်မည် ဟူသောအချက်ကို သတိပြုလော့။ Ver Capítulo |
ထို့ကြောင့် သင်တို့ပေးလှူသောအရာသည် အတင်းကောက်ခံခြင်းမျိုးမဟုတ်ဘဲ ရက်ရောစွာပေးလှူသောအရာအဖြစ် အသင့်ရှိမည့်အကြောင်း ငါသည် ညီအစ်ကိုများကို သင်တို့ထံသို့ ဦးစွာလာရန် တိုက်တွန်း၍ ယခင်ကတည်းက သင်တို့ကတိပေးထားသည့် ရက်ရောစွာပေးလှူသောအရာကို သင်တို့အားကြိုတင်ပြင်ဆင်ထားစေရန် လိုအပ်သည်ဟု ယူဆ၏။
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။