၂ ကော 9:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထို့ကြောင့် သင်တို့ပေးလှူသောအရာသည် အတင်းကောက်ခံခြင်းမျိုးမဟုတ်ဘဲ ရက်ရောစွာပေးလှူသောအရာအဖြစ် အသင့်ရှိမည့်အကြောင်း ငါသည် ညီအစ်ကိုများကို သင်တို့ထံသို့ ဦးစွာလာရန် တိုက်တွန်း၍ ယခင်ကတည်းက သင်တို့ကတိပေးထားသည့် ရက်ရောစွာပေးလှူသောအရာကို သင်တို့အားကြိုတင်ပြင်ဆင်ထားစေရန် လိုအပ်သည်ဟု ယူဆ၏။ Ver CapítuloCommon Language Bible5 သို့ဖြစ်၍သင်တို့ကတိပြုခဲ့သည့်အတိုင်းဤ အလှူကိုပြင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို တို့အားသင်တို့ထံသို့ကြိုတင်စေလွှတ်ရန် လိုအပ်သည်ဟုငါထင်မှတ်၏။ ငါရောက်ရှိ လာသောအခါအလှူအသင့်ပြင်ဆင်ထား ပြီးဖြစ်၍ သင်တို့ကဝတ္တရားအရပေးလှူ သည်မဟုတ်ဘဲစေတနာအရပေးလှူ ကြောင်းပေါ်လွင်လိမ့်မည်။ Ver CapítuloGarrad Bible5 သို့ ဖြစ်၍ တွန့် တို ခြင်း ကင်း လျက် စေ တ နာ အ လျောက် အ လှူ အ ဖြစ် အ သင့် ရှိ စေ ရန် ဆို ခဲ့ သော ညီ အစ် ကို တို့ ကို သင် တို့ ထံ တင် ရင် သွား စေ ပြီး လျှင် ဂ တိ ထား ပြီး အ လှူ ငွေ ကို ပြင် ဆင် နှင့် ကြ မည့် အ ကြောင်း နှိုး ဆော် သင့် သည် ဟု ငါ သ ဘော ရှိ ၏။ Ver CapítuloJudson Bible5 ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှာ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့ အရင်သွားစေ၍ ထိုအလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှာ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟု သဘောရှိ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထို့ကြောင့် သင်တို့ကတိပေးထားသည့်အတိုင်း လှူဒါန်းခြင်းကို အသင့်ပြင်ဆင်စေရန် တိုက်တွန်း၍ ဤညီအစ်ကိုများကို သင်တို့ထံ ကြိုတင်စေလွှတ်သင့်သည်ဟု ကျွန်ုပ်ယူဆမိ၏။ သို့မှသာ ဖိအားပေးခြင်းကြောင့် လှူဒါန်းခြင်းမဟုတ်ဘဲ ရက်ရောသောစေတနာစိတ်ဖြင့် လှူဒါန်းခြင်း ဖြစ်လိမ့်မည်။ Ver Capítulo |