၁ ရာချုပ် 7:21 - မြန်မာ့စံမီသမ္မာကျမ်း21 တာဟတ်၏သား ဇာဗဒ်၊ ဇာဗဒ်၏သား ရှုသေလဖြစ်၏။ ဧဖရိမ်၏သား ဧဇာနှင့်ဧလဒ် တို့မူကား ဂါသပြည်ဖွားလူတို့၏သိုးနွားတို့ကို လုယူသောကြောင့် ထိုသူတို့သည် သူတို့ကို သတ်ဖြတ်လိုက်ကြ၏။ Ver CapítuloCommon Language Bible21 ဇာဗဒ်နှင့်ရှုသေလတို့ဖြစ်၏။ ဧဖရိမ်တွင် ဧဇာနှင့်ဧလဒ်ဟူသောသားနှစ်ယောက်ရှိ သေး၏။ သူတို့သည်ဂါသမြို့နေတိုင်းရင်း သားတို့၏နွားများကို ခိုးယူရန်ကြိုးစား သည့်အတွက်အသတ်ခံရကြ၏။- Ver CapítuloGarrad Bible21 ၎င်း သား ဇာ ဗဒ်။ ၎င်း သား ရှု သေ လ တည်း။ ထို မှ တစ် ပါး သိုး နွား လု ယူ ရန် ချီ လာ သူ ဧ ဖ ရိမ့် သား ဧ ဇာ နှင့် ဧ လဒ် တို့ ကို ဂါ သ မြို့ နေ၊ ပြည် ရင်း သား တို့ လုပ် ကြံ ကြ သော ကြောင့်၊ Ver CapítuloJudson Bible21 တာဟတ်သား ဇာဗဒ်၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတစ်ပါး၊ ဧဖရိမ်သား ဧဇာနှင့် ဧလဒ်တို့သည် ထိုပြည်၌မွေးဖွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။ Ver Capítulo |
ထို့ကြောင့် ဘုရားသခင်၏သေတ္တာတော်ကို ဧကြုန်မြို့သို့ပို့လိုက်ပြန်၏။ ထိုသို့ ဘုရားသခင်၏သေတ္တာတော်သည် ဧကြုန်မြို့သို့ ရောက်လာသောအခါ ဧကြုန်မြို့သားတို့က “ငါတို့နှင့် ငါတို့လူမျိုးကိုသတ်ဖြတ်ရန် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ငါတို့ထံ ပို့လိုက်လေပြီတကား”ဟု အော်ဟစ်ကြ၏။
ထို့ကြောင့် သူတို့သည် လူလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို ခေါ်ယူစုဝေးစေပြီးလျှင် “အကျွန်ုပ်တို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို မည်သို့ပြုရပါမည်နည်း”ဟု မေးကြ၏။ ထိုအခါ သူတို့က “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ပို့လိုက်ပါ”ဟု ဆိုကြ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ပို့လိုက်ကြ၏။