၁ ရာ 27:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထို့ကြောင့် ထိုနေ့တွင်ပင် အာခိတ်မင်းကြီးသည် သူ့အား ဇိကလတ်မြို့ကို ပေး၏။ ယနေ့တိုင်အောင် ဇိကလတ်မြို့သည် ယုဒဘုရင်တို့ ပိုင်ဆိုင်သောမြို့ ဖြစ်လေ၏။ Ver CapítuloCommon Language Bible6 သို့ဖြစ်၍အာခိတ်သည်ဒါဝိဒ်အားဇိကလတ် မြို့ကိုပေးတော်မူ၏။ ဤအကြောင်းကြောင့် ဇိကလတ်မြို့သည် ယနေ့တိုင်အောင်ယုဒ ရှင်ဘုရင်တို့၏ပိုင်နက်ဖြစ်လေသည်။- Ver CapítuloGarrad Bible6 ထို နေ့ တွင် ပင် ဇိ က လတ် မြို့ ကို အာ ခိတ် မင်း ပေး အပ် သ ဖြင့်၊ ထို မြို့ သည် ယ ခု တိုင် ယု ဒ ဘု ရင် တို့ ပိုင် ဖြစ် သ တည်း။ Ver CapítuloJudson Bible6 ထိုနေ့၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကိုပေး၏။ ထိုကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ၏။ Ver Capítulo |
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။
ဖိလိတ္တိတပ်မှူးတို့သည် သူ့ကိုအမျက်ထွက်၍ သူ့အား “ဤလူကို ပြန်ခိုင်းပါ။ သင်ပေးနေသောအရပ်သို့ ပြန်သွားပါစေ။ စစ်ပွဲ၌ ငါတို့ကို ရန်ပြုပြီး ပြန်မတိုက်ခိုက်မည့်အကြောင်း ငါတို့နှင့်အတူ တိုက်ပွဲသို့ မလိုက်လာပါစေနှင့်။ သူ့သခင် သူ့ကိုပြန်လက်ခံအောင် သူမည်သို့ပြုနိုင်မည်နည်း။ ဤသူတို့၏ခေါင်းများအားဖြင့်သာ မဟုတ်လော။