၁ ရာ 26:7 - မြန်မာ့စံမီသမ္မာကျမ်း7 ထို့ကြောင့် ဒါဝိဒ်နှင့် အဘိရှဲသည် ညအချိန်တွင် တပ်စခန်းသို့ ဆင်းသွားရာ ရှောလုသည် တပ်စခန်းထဲ၌ အိပ်နေပြီး သူ၏လှံတံကို သူ့ခေါင်းရင်း မြေကြီးပေါ်တွင် ထိုးစိုက်ထားသည်ကို တွေ့ရ၏။ အာဗနာနှင့် တပ်သားတို့သည်လည်း သူ့ကို ဝိုင်းရံလျက် အိပ်နေကြ၏။ Ver CapítuloCommon Language Bible7 သို့ဖြစ်၍ထိုညဥ့်၌ဒါဝိဒ်နှင့်အဘိရှဲတို့ သည်ရှောလု၏တပ်စခန်းသို့ဝင်ရောက်ကြ ရာတပ်စခန်းအလယ်တွင် ရှောလုသည်မိမိ ၏လှံကိုခေါင်းရင်းတွင်စိုက်၍အိပ်ပျော်နေ သည်ကိုတွေ့ရှိကြ၏။ အာဗနာနှင့်စစ်သည် တပ်သားတို့ကမူရှောလုပတ်လည်တွင် အိပ်လျက်နေကြလေသည်။- Ver CapítuloGarrad Bible7 ဒါ ဝိဒ် နှင့် အ ဘိ ရှဲ တို့ သည် ညဉ့် အ ခါ ရဲ မက် တို့ နေ ရာ သို့ ရောက် လျှင် ခေါင်း ရင်း တွင် လှံ တော် စိုက် လျက် အာ ဗ နာ နှင့် ရဲ မက် တို့ ကာ ရံ လျက် ခံ က တုတ် အ တွင်း ရှော လု မင်း စက် တော် ခေါ် သည် ကို ရှု မြင် သော အ ခါ Ver CapítuloJudson Bible7 ဒါဝိဒ်နှင့် အဘိရှဲတို့သည် ညအခါ တပ်သားများရှိရာသို့သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊ လှံတော်သည် ခေါင်းရင်းအနား မြေ၌စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို့သည် ပတ်လည်၌အိပ်လျက်ရှိကြ၏။ Ver Capítulo |