၁ ရာ 24:15 - မြန်မာ့စံမီသမ္မာကျမ်း15 ယခုမှာ ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် တရားသူကြီးအဖြစ် တရားစီရင်တော်မူပါစေသော။ ကိုယ်တော်သည် ကြည့်ရှု၍ အကျွန်ုပ်၏အမှုကို ဖြေရှင်းပေးတော်မူပါစေသော။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါစေသော”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible15 အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား သည်ကို ထာဝရဘုရားစီရင်ဆုံးဖြတ်တော် မူပါလိမ့်မည်။ ကိုယ်တော်သည်ဤအမှုကို ကြည့်ရှုစစ်ဆေးတော်မူပါစေသော။ အကျွန်ုပ် ၏ဘက်မှချေပတော်မူ၍အကျွန်ုပ်အား အရှင်၏လက်မှကယ်တော်မူပါစေသော'' ဟုလျှောက်လေ၏။ Ver CapítuloGarrad Bible15 ထာ ဝ ရ ဘု ရား သည် တ ရား မင်း အ ဖြစ်၊ ကိုယ် တော် နှင့် ကျွန် တော့် အ လယ် တွင် စီ ရင် လျက် ကျွန် တော့် အ မှု ကို ထောက် ရှု ချေ ပ၍ အ ရှင့် လက် တော် မှ လွှတ် တော် မူ ပါ စေ သော ဟု တင် လျှောက် လေ ၏။ Ver CapítuloJudson Bible15 သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ ကျွန်တော်အမှုကိုစောင့်သဖြင့်၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို၏။ Ver Capítulo |
နာဗလ သေကြောင်း ဒါဝိဒ်ကြားသောအခါ “နာဗလကြောင့် ခံရသောစော်ကားခြင်းအမှုမှ ကာကွယ်ပေး၍ ကိုယ်တော်၏အစေအပါးကို အပြစ်မပြုမိစေရန် ဆီးတားပေးတော်မူသော ထာဝရဘုရားကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် နာဗလပြုခဲ့သောမကောင်းမှုကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်သည် အဘိဂဲလကို မယားအဖြစ်ယူရန် လူလွှတ်၍ တောင်းဆိုစေ၏။