၁ ရာ 24:14 - မြန်မာ့စံမီသမ္မာကျမ်း14 အစ္စရေးဘုရင်သည် မည်သူ့ကို တိုက်ခိုက်ရန် ထွက်လာသနည်း။ မည်သူ့နောက်ကို လိုက်နေသနည်း။ ခွေးသေကောင်နောက်ကိုလော၊ ခွေးလှေးတစ်ကောင်နောက်ကိုလော။ Ver CapítuloCommon Language Bible14 ဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။- Ver CapítuloGarrad Bible14 ဣ သ ရေ လ ဘု ရင် မင်း ဖြစ် သော အ ရှင် သည် မည် သူ့ ကို လိုက် လံ ရန် ထွက် ချီ ခဲ့ ပါ သ နည်း။ ခွေး သေ ကောင်၊ ခွေး လှေး ကောင် မျှ သာ မ ဟုတ် ပါ လော။ Ver CapítuloJudson Bible14 ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကိုလိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။ Ver Capítulo |
ဣရှဗောရှက်မင်းကြီး၏စကားကြောင့် အာဗနာ အလွန်အမျက်ထွက်ပြီး “ငါ့ကို ယုဒအမျိုး၏ခွေးခေါင်းများမှတ်နေသလော။ ယခု ငါသည် သင့်ဖခင်ရှောလုမင်းကြီး၏အမျိုးအနွယ်နှင့် သူ့ညီအစ်ကို၊ သူ့မိတ်ဆွေတို့ကို မေတ္တာပြခဲ့၏။ သင့်ကိုလည်း ဒါဝိဒ်မင်းကြီးလက်သို့ မအပ်။ သို့သော် ယနေ့ မိန်းမတစ်ယောက်နှင့်ဆိုင်သောအမှားအတွက် ငါ့အား အပြစ်တင်ရသလော။
ထို့နောက် အိမ်သူအိမ်သားတို့ကို ကောင်းချီးပေးရန် ဒါဝိဒ်မင်းကြီး ပြန်လာသောအခါ ရှောလု၏သမီး မိခါလသည် ထွက်လာ၍ ဒါဝိဒ်မင်းကြီးကို ကြိုဆိုပြီး “ယနေ့တွင် အစ္စရေးဘုရင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမများရှေ့၌ စိတ်လွတ်ကိုယ်လွတ်ကခုန်နေသည်မှာ ကျက်သရေရှိလှပါသည်တကား။ လူမိုက်တစ်ယောက် စိတ်လွတ်ကိုယ်လွတ်ပြုမူသကဲ့သို့ပါတကား”ဟု ဆို၏။