၁ ရာ 15:35 - မြန်မာ့စံမီသမ္မာကျမ်း35 ထိုအချိန်မှစ၍ ရှမွေလ အနိစ္စရောက်သည်အထိ ရှောလုမင်းကြီးနှင့် သွားရောက်တွေ့ဆုံခြင်းမရှိတော့ပေ။ သို့သော် ရှမွေလသည် ရှောလုမင်းကြီးအတွက် ငိုကြွေးမြည်တမ်းရလေ၏။ ထာဝရဘုရားသည်လည်း ရှောလုကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် ခန့်ထားသည့်အဖြစ်ကြောင့် ဝမ်းနည်းတော်မူ၏။ Ver CapítuloCommon Language Bible35 ရှမွေလသည်အသက်ရှင်သမျှကာလပတ် လုံး နောင်အဘယ်အခါမျှမင်းကြီးနှင့်မတွေ့ ရတော့ချေ။ သို့ရာတွင်သူသည်ရှောလုအတွက် များစွာဝမ်းနည်းမိ၏။ ထာဝရဘုရားသည် လည်းရှောလုအား ဣသရေလဘုရင်အဖြစ် ခန့်ထားမိခဲ့သည့်အတွက်စိတ်မချမ်းမသာ ဖြစ်တော်မူ၏။ Ver CapítuloGarrad Bible35 ရှ မွေ လ သည် ရှော လု မင်း အ တွက် အ လွန် ဝမ်း နည်း ၍ မ ကွယ် လွန် မီ တိုင် အောင် ရှော လု မင်း ကို မ ကြည့် တော့ ချေ။ ထာ ၀ ရ ဘု ရား လည်း ဣ သ ရေ လူ မျိုး အ ပေါ် တွင် ရှော လု ကို ဘု ရင် တင် မြှောက် သည့် အ တွက် စိတ် တော် မ သာ မ ယာ ဖြစ် တော် မူ သ တည်း။ Ver CapítuloJudson Bible35 ရှောလု အနိစ္စမရောက်မီတိုင်အောင်၊ ရှမွေလသည် နောက်တစ်ဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသောအမှုကို နောင်တရတော်မူ၏။ Ver Capítulo |
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။