၁ ကော 9:18 - မြန်မာ့စံမီသမ္မာကျမ်း18 သို့ဖြစ်လျှင် ငါ့အတွက် မည်သည့်ဆုလာဘ်ရှိသနည်း။ ၎င်းမှာ ကောင်းမြတ်သောသတင်းကိုဟောပြောသည့်အခါ အဖိုးအခမယူဘဲ ထိုသတင်းကို ဝေငှဟောပြော၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော ငါ၏ရပိုင်ခွင့်ကို အပြည့်အဝအသုံးမချဘဲနေခြင်းပင်ဖြစ်၏။ Ver CapítuloCommon Language Bible18 သို့ဖြစ်၍ငါသည်အဘယ်အခကြေးငွေ ခံစားရသနည်း။ ငါခံစားရသည့်အကျိုး မှာသတင်းကောင်းကိုအခကြေးငွေမယူ ဘဲဟောပြောခွင့်နှင့် ထိုသို့ဟောပြောသည့် အတွက် ရပိုင်ခွင့်များကိုမတောင်းဆိုဘဲ နေနိုင်ခွင့်တို့ပင်ဖြစ်၏။ Ver CapítuloGarrad Bible18 သို့ ဖြစ် လျှင် ငါ့ အ ကျိုး ကား မည် သို့ နည်း။ သ တင်း တော် မြတ် အား ဖြင့် ရ သော အ ခွင့် ကို မ သုံး ဘဲ ထို သ တင်း တော် မြတ် ကို အ ကုန် အ ကျ ခံ လျက် ကြား ပြော ခွင့် တည်း။ Ver CapítuloJudson Bible18 သို့ဖြစ်၍ ငါ၏အကျိုး အဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သောအခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ်စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှာပြုလျှင် ငါ၌အကျိုးရှိ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း18 သို့ဖြစ်လျှင် ကျွန်ုပ်၏ ဆုလာဘ်မှာ မည်သည့်အရာဖြစ်သနည်း။ ဤအရာမှာ အခကြေးငွေမယူဘဲ သတင်းကောင်းကို ဟောပြောခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောသောအခါ ကျွန်ုပ်ရထိုက်သောအခွင့်အရေးကို အပြည့်အဝမတောင်းဆိုဘဲနေခြင်းဖြစ်၏။ Ver Capítulo |