ဧဖက် 6:1 - မြန်မာ့စံမီသမ္မာကျမ်း1 သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် မှန်ကန်သောအမှုဖြစ်၏။ Ver CapítuloCommon Language Bible1 သားသမီးတို့၊ သင်တို့မိဘများ၏စကား ကိုနားထောင်ကြလော့။ ထိုသို့ပြုခြင်းသည် ခရစ်ယာန်များအနေဖြင့်ပြုအပ်သည့်ဝတ် ဖြစ်၏။- Ver CapítuloGarrad Bible1 သား သ မီး ဖြစ် သူ တို့၊ သင့် လျော် သည့် အ တိုင်း အ ရှင် ဘု ရား အ လို တော် နှင့် အ ညီ မိ ဘ စ ကား ကို နား ထောင် ကြ လော့။ Ver CapítuloJudson Bible1 သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှု ဖြစ်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း1 သားသမီးတို့… သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းသည် ပြုအပ်သောဝတ် ဖြစ်၏။ Ver Capítulo |
ရေခပ်၏သားယောနဒပ်က မိမိအမျိုးသားတို့အား စပျစ်ဝိုင်မသောက်ရဟု မှာကြားခဲ့သည့်ပညတ်ကို သူတို့စောင့်ထိန်းကြ၏။ ရေခပ်အမျိုးသားတို့သည် သူတို့ဘိုးဘေး၏စကားကို နားထောင်လျက် ယနေ့ထိတိုင် စပျစ်ဝိုင်မသောက်ဘဲနေကြ၏။ သင်တို့မူကား ငါအကြိမ်ကြိမ်ဆင့်ဆိုသော်လည်း ငါ့စကားကိုနားမထောင်ကြ။
ယေရမိကလည်း ရေခပ်အမျိုးသားတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏ဘိုးဘေးယောနဒပ်၏စကားကို သင်တို့နားထောင်ကြလေပြီ။ သူပညတ်ထားသည်ကို သင်တို့စောင့်ထိန်းလေပြီ။ သူမှာကြားခဲ့သည့်အတိုင်း သင်တို့လိုက်လျှောက်ကြလေပြီ’ဟု မိန့်တော်မူ၏။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
တစ်စုံတစ်ယောက်သောမုဆိုးမတွင် သားသမီး၊ သို့မဟုတ် မြေးများရှိလျှင် ထိုသားမြေးတို့သည် ဘာသာရေးဝတ္တရားတည်းဟူသော မိမိတို့အိမ်သူအိမ်သားကိုပြုစုခြင်းနှင့် မိဘဘိုးဘွားတို့အား ကျေးဇူးပြန်ဆပ်ခြင်းတို့ကို ဦးစွာသင်ယူကြစေ။ အကြောင်းမူကား ဤသို့ပြုခြင်းသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။