ဧဖက် 4:9 - မြန်မာ့စံမီသမ္မာကျမ်း9 (တက်သွားတော်မူသောအခါဟုဆိုရာတွင် မြေကြီးအောက်အရပ်များသို့လည်း ကြွဆင်းတော်မူခဲ့ကြောင်းကို ဆိုလိုခြင်းမဟုတ်လျှင် မည်သည့်အရာဖြစ်ဦးမည်နည်း။ Ver CapítuloCommon Language Bible9 ကိုယ်တော်တက်ကြွတော်မူသည်ဆိုရာ၌ အဘယ် ကိုဆိုလိုပါသနည်း။ ကိုယ်တော်သည်အနိမ့်ဆုံး အရပ်မြေကြီးသို့ ဦးစွာဆင်းသက်တော်မူသည် ဟုဆိုလိုပေသည်။- Ver CapítuloGarrad Bible9 တက် ကြွ တော် မူ သည် မှာ အောက် မြေ ကြီး သို့ လည်း ဆင်း သက် တော် မူ သည် ဟု ဆို လို သည် မ ဟုတ် လော။ Ver CapítuloJudson Bible9 တက်ကြွတော်မူသည်ဟု ဆိုသော်၊ အစစွာ မြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း9 “တက်ကြွတော်မူသောအခါ” ဟု ဆိုရာတွင် ကိုယ်တော်သည် အောက်အရပ် ဖြစ်သော မြေကြီးသို့ ဆင်းကြွတော်မူခဲ့ကြောင်းကို ညွှန်းဆိုသည် မဟုတ်လော။ Ver Capítulo |
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။