Biblia Todo Logo
La Biblia Online
- Anuncios -




ဧ​ဖက် 4:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထို့ကြောင့် “ကိုယ်တော်​သည် မြင့်​သော​အရပ်​သို့ တက်​သွား​တော်မူ​သောအခါ ချုပ်နှောင်​ထား​သော​သူ​ကို ဖမ်းဆီး​ခေါ်ဆောင်​သွား​၍ လူ​တို့​အား လက်ဆောင်​များ​ကို​ပေး​တော်မူ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​၏။

Ver Capítulo Copiar

Common Language Bible

8 ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ ``ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​သို့ တက်​ကြွ​တော်​မူ​သော​အ​ခါ မိ​မိ​နှင့်​အ​တူ​သုံ့​ပန်း​အ​မြောက်​အ​မြား​ကို ခေါ်​ဆောင်​သွား​တော်​မူ​၏။ လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​၏။''

Ver Capítulo Copiar

Garrad Bible

8 ထို သို့ ကိုယ် တော် သည် သုံ့ ဖမ်း ရာ ကို သုံ့ ဖမ်း လျက် မြင့် ရာ သို့ တက် ကြွ၍ လူ တို့ အား ဆု များ ကို ချ ပေး တော် မူ သည် ဟု ဗျာ ဒိတ် တော် ရှိ၏။

Ver Capítulo Copiar

Judson Bible

8 ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ၌​လာ​သည်​ကား၊ မြင့်​သော​အ​ရပ်​သို့ တက်​ကြွ​တော်​မူ​သ​ဖြင့်၊ များ​စွာ​သော သူ​တို့​ကို ဖမ်း​သွား​တော်​မူ၍၊ လူ​တို့​အား ဆု​လာဘ်​များ​ကို ပေး​တော်​မူ​သည်​ဟု လာ​သ​တည်း။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထို့ကြောင့် ကျမ်းစာ​၌ “ကိုယ်တော်​သည် မြင့်ရာ​အရပ်​သို့ တက်ကြွတော်မူ​သောအခါ သုံ့ပန်း​များစွာ​ကို ခေါ်ဆောင်သွား​၍ မိမိ​၏ လူတို့​အား လက်ဆောင်များ​ကို ပေးတော်မူ၏” ဟု ဖော်ပြထား၏။

Ver Capítulo Copiar




ဧ​ဖက် 4:8
7 Referencias Cruzadas  

ထို့နောက် ရှင်ဘုရင်​သည် မှူးမတ်​နှင့်​မင်းမှုထမ်း အပေါင်း​တို့​ပါ​သော စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၏​။ ဤ​ပွဲ​သည် ဧသတာ​အတွက်​ကျင်းပ​သော​ပွဲ​ဖြစ်​၏​။ မိမိ​ပိုင်နက်​တစ်ဝန်းလုံး​တွင် ထို​နေ့​ကို အားလပ်ရက်​အဖြစ်​သတ်မှတ်​၍ တော်ဝင်​လက်ဆောင်​များ​ကို​လည်း ရက်ရက်ရောရော​ပေးကမ်း​လေ​၏​။


ကိုယ်တော်​သည် မြင့်သောအရပ်​သို့ တက်သွား​တော်မူ​သောအခါ သုံ့ပန်း​တို့​ကို ဖမ်းဆီးခေါ်ဆောင်​သွား​၍ လူ​တို့​ထံမှ​မက ငြင်းဆန်​သော​သူ​တို့​ထံမှ​ပင် လက်ဆောင်​များ​ကို​ခံယူ​တော်မူ​၏​။ ဤသည်ကား ထာဝရအရှင်​ဘုရားသခင်​သည် ထို​အရပ်​၌​ကိန်းဝပ်​တော်မူ​ရန်​ဖြစ်​၏​။


မည်သူ​သည် ကောင်းကင်​သို့​တက်​ပြီး ပြန်ဆင်းလာ​သနည်း​။ မည်သူ​သည် လေ​ကို မိမိ​လက်ခုပ်​ထဲ ထည့်​ထား​သနည်း​။ မည်သူ​သည် ရေ​ကို မိမိ​၏​အဝတ်​ဖြင့် ထုပ်​ထား​သနည်း​။ မည်သူ​သည် ကမ္ဘာမြေ​အစွန်း​ရှိသမျှ​ကို တည်​ထား​သနည်း​။ ထို​သူ​၏​အမည်​ကား မည်သို့နည်း​။ သူ့​သား​၏​အမည်​ကား မည်သို့နည်း​။ သင်​သိ​သလော​။


ထို့နောက် ကိုယ်တော်​သည် အချို့​တို့​ကို တမန်တော်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ပရောဖက်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို သင်းအုပ်​အရာ​နှင့်​ဆရာ​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​၏။


အုပ်ချုပ်မှု​များ​နှင့်​အာဏာစက်​များ​ကို​လည်း အစွမ်းမဲ့​စေ​၍ လက်ဝါးကပ်တိုင်​အားဖြင့် ၎င်း​တို့​ကို အောင်ပွဲ​ခံ​ပြီး အများတကာ​ရှေ့တွင် ထင်ရှား​စွာ​အရှက်ကွဲ​စေ​တော်မူ​၏။


အို ဒေဗောရ​၊ နိုး​လော့​၊ နိုး​လော့​။ နိုးထ​ပြီး သီချင်းဆို​လော့​။ အို အဘိနောင်​၏​သား​ဗာရက်​၊ ထ​လော့​။ သုံ့ပန်း​များ​ကို ထုတ်ဆောင်​သွား​လော့​။


ဒါဝိဒ်​သည် ဇိကလတ်​မြို့​သို့ ရောက်​လျှင် သူ​၏​မိတ်ဆွေ ယုဒ​သက်ကြီးဝါကြီး​တို့​အား “​ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ရန်သူ​တို့​ထံမှ တိုက်ရာပါပစ္စည်း​များ​ကို သင်​တို့​အဖို့ လက်ဆောင်​ပေး​လိုက်​ပါ​၏​”​ဟု ဆို​၍ တိုက်ရာပါပစ္စည်း​များ​ကို ပေး​လိုက်​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos