ဧဇရ 10:3 - မြန်မာ့စံမီသမ္မာကျမ်း3 ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။ Ver CapítuloCommon Language Bible3 ယခုအကျွန်ုပ်တို့သည်ထိုမိန်းမများနှင့် သားသမီးများကိုစွန့်ကြပါမည်ဟု အကျွန်ုပ် တို့၏ဘုရားသခင်အားကျိန်ဆိုကတိပြု ရကြမည်။ ဘုရားသခင်၏အမိန့်တော်များ ကိုရိုသေလေးစားကြသောအရှင်နှင့် အခြား သူများအကြံပေးသည့်အတိုင်း အကျွန်ုပ် တို့ပြုကြပါမည်။ ဘုရားသခင်၏တရား တော်ပြဋ္ဌာန်းသည့်အတိုင်းပြုပါမည်။- Ver CapítuloGarrad Bible3 အ ရှင် မှ စ၍၊ ကျွန် တော် တို့ ဘု ရား သ ခင့် ဗျာ ဒိတ် တော် ကြောင့် တုန် လှုပ် သူ တို့ သ တိ ပေး သည့် အ တိုင်း၊ ဤ မိန်း မ များ နှင့် ချင်း တို့ သား သ မီး ရှိ သ မျှ ကို၊ တ ရား နှင့် အ ညီ စွန့် ပယ် ပါ မည် ဟု၊ ကိုယ့် ဘု ရား သ ခင် နှင့် ပ ဋိ ညာဉ် ပြု ကြ ကုန် အံ့။ Ver CapítuloJudson Bible3 သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါတို့ ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံ့သောသူတို့ သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့သားသမီးများရှိသမျှကို စွန့်ပယ်မည်ဟု ငါတို့၏ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည်အတိုင်း စီရင်ကြကုန်အံ့။ Ver Capítulo |
“ငါ့အတွက်သာမက အစ္စရေးပြည်၊ ယုဒပြည်၌ကြွင်းကျန်သောသူတို့အတွက် ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးလျှောက်ကြလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏စကားတော်ကို မလိုက်နာ၊ ဤကျမ်းထဲ၌ရေးထားသမျှအတိုင်း မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။
ယုဒနှင့် ဗင်္ယာမိန်အမျိုး ယောက်ျားအပေါင်းတို့သည်လည်း သုံးရက်အတွင်း ဂျေရုဆလင်မြို့သို့ စုရုံးရောက်ရှိလာကြ၏။ နဝမလ၊ နှစ်ဆယ်ရက်နေ့တွင် လူအပေါင်းတို့သည် ဤအမှုများကြောင့်လည်းကောင်း၊ မိုးလည်း သည်းထန်စွာရွာနေသောကြောင့်လည်းကောင်း ဘုရားသခင်၏အိမ်တော်ကွင်းပြင်တွင် တုန်ရီစွာဖြင့် ထိုင်နေကြ၏။