ဧဇရ 10:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုအခါ ဧလံသားမြေးဖြစ်သော ယေဟေလ၏သားရှေခနိက ဧဇရအား “အကျွန်ုပ်တို့သည် ဤပြည်ရှိတစ်ပါးအမျိုးသား မိန်းမပျိုတို့နှင့်စုံဖက်ခြင်းဖြင့် အကျွန်ုပ်တို့၏ဘုရားသခင်ကို ပြစ်မှားကြပါပြီ။ သို့သော်လည်း အစ္စရေးလူမျိုးတို့အဖို့ မျှော်လင့်စရာရှိပါသေး၏။ Ver CapítuloCommon Language Bible2 ထိုအခါဧလံသားချင်းစုမှယေဟေလ၏ သား ရှေကနိကဧဇရအား``အကျွန်ုပ်တို့သည် လူမျိုးခြားအမျိုးသမီးများနှင့်ထိမ်းမြား စုံဖက်ခြင်းအားဖြင့် ဘုရားသခင်ကိုသစ္စာ ဖောက်ကြပါပြီ။ သို့သော်လည်းဣသရေလ အမျိုးသားတို့အတွက် မျှော်လင့်စရာရှိ ပါသေး၏။- Ver CapítuloGarrad Bible2 ဧ လံ့ အ နွယ်၊ ယေ ဟေ လ သား ရှေ က နိ က၊ ကျွန် တော် တို့ သည်၊ တိုင်း ရင်း သား တို့ သ မီး နှင့် ထိမ်း မြား၍၊ ကိုယ့် ဘု ရား သ ခင့် သ စ္စာ တော် ကို ဖောက် ကျော် မိ ပါ ပြီ။ သို့ ရာ တွင်၊ ဣ သ ရေ လ လူ မျိုး၌၊ အ ပြစ် လွတ် ရန် မျှော် လင့် ရာ မျှော် လင့် ကြောင်း ရှိ ပါ သေး ၏။ Ver CapítuloJudson Bible2 ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌နေသော တစ်ပါးအမျိုးသား မိန်းမတို့နှင့် စုံဖက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မျှော်လင့်စရာ ရှိသေး၏။ Ver Capítulo |
ထို့နောက်တွင် အကြီးအကဲတို့သည် ငါ့ထံလာ၍ “အစ္စရေးပြည်သားများ၊ ယဇ်ပုရောဟိတ်များအပါအဝင် လေဝိသားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောပြည်သားရင်းများဖြစ်သည့် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ အမ္မုန်လူမျိုး၊ မောဘလူမျိုး၊ အီဂျစ်လူမျိုး၊ အာမောရိလူမျိုးတို့နှင့် ကင်းရှင်းစွာမနေကြ။