ဟေရှာယ 5:20 - မြန်မာ့စံမီသမ္မာကျမ်း20 အဆိုးကို အကောင်း၊ အကောင်းကို အဆိုးဟု ဆိုတတ်သောသူ၊ အလင်းကို အမှောင်၊ အမှောင်ကို အလင်း ဖြစ်စေသောသူ၊ အခါးကို အချို၊ အချိုကို အခါး ဖြစ်စေသောသူတို့သည် အမင်္ဂလာရှိကြ၏။ Ver CapítuloCommon Language Bible20 သင်တို့သည်အမင်္ဂလာရှိကြ၏။ အကောင်း ကိုအဆိုး၊ အဆိုးကိုအကောင်းဟုသင်တို့ ခေါ်ဆိုတတ်ကြ၏။ အမှောင်ကိုအလင်း အဖြစ်သို့၊ အလင်းကိုအမှောင်အဖြစ်သို့ ပြောင်းလဲတတ်ကြ၏။ သင်တို့ကအချိုကို အခါး၊ အခါးကိုအချိုဖြစ်စေတတ်ကြ၏။ Ver CapítuloGarrad Bible20 အ ကောင်း ကို အ ဆိုး၊ အ ဆိုး ကို အ ကောင်း ဟု ခေါ် ဝေါ်၍၊ အ လင်း အ စား မှောင်၊ မှောင် အ စား အ လင်း၊ အ ချို အ စား အ ခါး၊ အ ခါး အ စား အ ချို ကို ထား တတ် သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။ Ver CapítuloJudson Bible20 မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်းဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကိုလည်းကောင်း၊ အချိုအရာ၌ အခါး၊ အခါးအရာ၌ အချိုကိုလည်းကောင်း၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။ Ver Capítulo |
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။