ဟေရှာယ 5:19 - မြန်မာ့စံမီသမ္မာကျမ်း19 သူတို့က “ငါတို့တွေ့ဖို့ ကိုယ်တော်သည် မိမိအမှုကို အလျင်အမြန်ပြုပါစေ။ အလျင်အမြန်ပြုပါစေ။ ငါတို့သိဖို့ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏အကြံဉာဏ်သည် နီးလာပါစေ။ ရောက်လာပါစေ”ဟု ဆိုတတ်ကြ၏။ Ver CapítuloCommon Language Bible19 သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။ Ver CapítuloJudson Bible19 သူတို့ကလည်း၊ ဘုရားသခင်၏အမှုကို ငါတို့သည် မြင်ရမည်အကြောင်း၊ အလျင်အမြန်ကြိုးစားတော်မူပါစေ။ ငါတို့သည် သိနားလည်ရမည်အကြောင်း၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏အကြံတော်သည်၊ အနီးသို့ချဉ်း၍ပြည့်စုံပါစေဟု ဆိုတတ်ကြ၏။ Ver Capítulo |
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။