ဟေရှာယ 48:2 - မြန်မာ့စံမီသမ္မာကျမ်း2 မိမိကိုယ်မိမိ သန့်ရှင်းသောမြို့သားဟု ခံယူသောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟု အမည်ရှိသော အစ္စရေးလူမျိုး၏ဘုရားသခင်ကို အမှီပြုသောသူတို့ ဖြစ်ကြ၏။ Ver CapítuloCommon Language Bible2 သို့ပါလျက်သင်တို့သည်မိမိတို့ကိုယ်ကိုသန့်ရှင်း မြင့်မြတ်သည့်မြို့တော်သားများဟူ၍လည်းကောင်း၊ အနန္တတန်ခိုးရှင်ထာဝရဘုရားဟုနာမည် တွင်သော ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို မှီခိုအားကိုးသူများဟူ၍လည်းကောင်း ဂုဏ်ယူပြောဆိုကြပေသည်။ Ver CapítuloJudson Bible2 သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုကိုယ် သမုတ်သောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး၏ ဘုရားသခင်ကို မှီခိုသောသူတို့၊ နားထောင်ကြလော့။ Ver Capítulo |
မိုးကောင်းကင်ကိုဖြန့်ကြက်တော်မူသော၊ မြေကြီးကိုအုတ်မြစ်ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သင်မေ့လျော့၏။ သင့်ကိုဖျက်ဆီးရန် အသင့်ရှိနေသည့် နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကြောင့် သင်သည် နေ့စဉ်မပြတ်ကြောက်ရွံ့နေ၏။ နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကား အဘယ်မှာနည်း။
ထို့ကြောင့် အီဂျစ်ပြည်၌နေထိုင်သော ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်တစ်ပြည်လုံးရှိ ယုဒလူမျိုးတို့၏နှုတ်မှ ဘုရားရှင်ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ ငါ၏နာမကို တိုင်တည်ရတော့မည်မဟုတ်’ဟု ငါ၏ကြီးမြတ်သောနာမကို တိုင်တည်၍ မိန့်ဆိုပြီ။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။