ဟေရှာယ 45:8 - မြန်မာ့စံမီသမ္မာကျမ်း8 အို မိုးကောင်းကင်၊ အထက်မှ တဖွဲဖွဲရွာချလော့။ မိုးတိမ်တို့သည် ဖြောင့်မတ်ခြင်းကို ရွာသွန်းပါစေ။ မြေကြီးသည် ပွင့်ဟ၍ ကယ်တင်ခြင်း သီးပွင့်ပါစေ။ ဖြောင့်မတ်ခြင်းလည်း ပေါက်ပါစေ။ ဤအမှုကို ငါထာဝရဘုရားဖန်ဆင်း၏။ Ver CapítuloCommon Language Bible8 ငါသည်အောင်ပွဲကိုမိုးရေသဖွယ် ကောင်းကင်မှချပေးမည်။ ယင်းကိုကမ္ဘာမြေကြီးသည်ဖွင့်ဟခံယူကာ လွတ်လပ်မှုနှင့်တရားမျှတမှုတည်းဟူ သော အသီးအပွင့်များကိုဆောင်လိမ့်မည်။ ငါထာဝရဘုရားသည်ဤအမှုအရာ များကို ဖြစ်ပျက်စေတော်မူပေအံ့။'' Ver CapítuloGarrad Bible8 အ ချင်း မိုး ကောင်း ကင် အ ထက် မှ ယို ကျ လော့။ မိုး တိမ် များ လည်း တ ရား တော် ကို ချ ရွာ စေ။ မြေ ပ ထ ဝီ သည် ပွင့် ဟ၍ ချမ်း သာ နှင့် ဖြောင့် မတ် ခြင်း များ ကို ဖြစ် ပွား ပေါ် ပေါက် ကြ စေ။ ငါ ထာ ဝ ရ ဘု ရား သည် ထို သို့ သော အ ရာ ကို ဖန် ဆင်း တော် မူ ပြီ ဟူ၍ တည်း။ Ver CapítuloJudson Bible8 မိုးကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုးတိမ်တို့သည် တရားမိုးရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်းအသီးကို သီးစေ။ ဖြောင့်မတ်ခြင်းတရားသည် တစ်ပြိုင်နက်ပေါက်စေ။ ထိုသို့ ငါထာဝရဘုရား ဖန်ဆင်း၏။ Ver Capítulo |
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။