ဟေရှာယ 45:3 - မြန်မာ့စံမီသမ္မာကျမ်း3 ငါသည် သင့်ကို အမည်ဖြင့်ခေါ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရှိစေရန် အမှောင်ထဲမှဥစ္စာဘဏ္ဍာ၊ လျှို့ဝှက်သောအရပ်မှဝှက်ထားသောဘဏ္ဍာတို့ကို သင့်အားငါပေးမည်။ Ver CapítuloCommon Language Bible3 မှောင်မိုက်သည့်ဘဏ္ဍာတိုက်များနှင့်လျှို့ဝှက် သည့် အရပ်တွင် သိမ်းဆည်းထားသည့်ပစ္စည်းဥစ္စာရတနာ များကို သင့်အားငါပေးမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် သင့်ကိုရွေးချယ်၍ခန့်ထားတော်မူပြီ ဖြစ်ကြောင်းကိုသင်သိရှိရလိမ့်မည်။ Ver CapítuloJudson Bible3 မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထားသောဥစ္စာတို့ကို သင့်အားငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့်ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။ Ver Capítulo |
တစ်ဖန် မောရှေက ထာဝရဘုရားအား “ကိုယ်တော်က ‘ဤလူတို့ကို ထုတ်ဆောင်လော့’ဟု အကျွန်ုပ်အား မိန့်ဆိုတော်မူခဲ့သော်လည်း အကျွန်ုပ်နှင့်အတူစေလွှတ်တော်မူမည့်သူကို အကျွန်ုပ်အား သိစေတော်မမူပါ။ သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကို အမည်နှင့်တကွသိ၏။ ငါသည် သင့်ကို မျက်နှာသာပေးပြီ’ဟု မိန့်တော်မူခဲ့ပါ၏။