Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ရှာ​ယ 44:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ပန်းပဲသမား​သည် သံ​ကို မီးညှပ်​ဖြင့် မီးခဲ​ပေါ်​တင်​၍ အလုပ်​လုပ်​၏​။ သူ​သည် တူ​ဖြင့်​ပုံသွင်း​တတ်​၏​။ သူ​၏​လက်ရုံး​ခွန်အား​ဖြင့် လုပ်ဆောင်​တတ်​၏​။ သူ​သည် ဆာလောင်မွတ်သိပ်​၍ ခွန်အား​မ​ရှိ​။ ရေ​မ​သောက်​ရ​သဖြင့် အားအင်​ကုန်ခန်း​တတ်​၏​။

Ver Capítulo Copiar

Common Language Bible

12 ပန်း​ပဲ​သ​မား​သည်​သံ​ကို​ယူ​ပြီး​လျှင်​မီး​တွင် ဖုတ်​၏။ ထို​နောက်​မိ​မိ​၏​သန်​မာ​သော​လက်​ရုံး ကို​လွှဲ​၍​သံ​တူ​နှင့်​ထု​ကာ​ပုံ​ဖော်​ပေး​၏။ သူ သည်​အ​စာ​ရေ​စာ​မွတ်​သိပ်​၍​မော​ပန်း​တတ် သူ​ဖြစ်​၏။

Ver Capítulo Copiar

Garrad Bible

12 ပန်း တည်း သည် စို့ ကို ကိုင် လျက်၊ မီး ဖြင့် ပုံ ကျ အောင် ထု နှက်၍၊ အား ကြီး သော လက် ရုံး နှင့် လုပ် ဆောင် ရာ ဆာ မွတ် သ ဖြင့် အား ကုန် ခြင်း၊ ရေ ငတ် သ ဖြင့် မော ပန်း ခြင်း သို့ ရောက် တတ် ၏။

Ver Capítulo Copiar

Judson Bible

12 ပန်း​ပဲ​သ​မား​သည် ပု​ဆိန်​ကို​လုပ်​ခြင်း​ငှာ မီး​ခဲ၌​ဖုတ်၍၊ လက်​ရုံး​အား​ထုတ်​လျက် သံ​တူ​နှင့်​ထု​တတ်၏။ အ​ကယ်၍ မွတ်​သိပ်​သော​အ​ခါ အား​လျော့​တတ်၏။ ရေ​မ​သောက်​ရ​သော​အ​ခါ မော​တတ်၏။

Ver Capítulo Copiar




ဟေ​ရှာ​ယ 44:12
11 Referencias Cruzadas  

အာရုန်​သည်​လည်း ထို​ရွှေ​တို့​ကို​ယူ​ပြီး နွားသငယ်​ရုပ်တု​ကို ကညစ်​ဖြင့်​ပုံဖော်​၍ သွန်းလုပ်​လေ​၏​။ ထို့နောက် သူ​တို့​က “​အို အစ္စရေး​လူမျိုး​၊ ဤသည်ကား သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော သင်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​ကြ​၏​။


သူ​တို့​အား ငါ​မိန့်မှာ​ထား​သော​လမ်း​မှ အလျင်အမြန်​လွဲသွား​ကြ​ပြီ​။ သူ​တို့​သည် မိမိ​တို့​အဖို့ နွားသငယ်​ရုပ်တု​ကို သွန်းလုပ်​၍ ရှိခိုးကိုးကွယ်​ကြ​ပြီ​။ ထို​ရုပ်တု​အား ယဇ်ပူဇော်​၍ ‘​အို အစ္စရေး​လူမျိုး​၊ ဤသည်ကား သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော သင်​တို့​၏​ဘုရား​ဖြစ်​သည်​’​ဟူ၍ ပြောဆို​ကြ​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ပန်းတဉ်းသမား​သည် ရုပ်တုဆင်းတု​ကို​သွန်းလုပ်​တတ်​၏​။ ပန်းထိမ်သမား​သည်​လည်း ထို​ရုပ်တု​ကို​ရွှေ​ဖြင့်​မွမ်းမံ​ပြီး ငွေ​ဆွဲကြိုး​များ လုပ်ပေး​တတ်​၏​။


ဆင်းရဲသား​မူကား မ​ဆွေးမြည့်​နိုင်​သော​သစ်သား​ကို​ရွေးယူ​ပြီးလျှင် မ​လဲ​နိုင်​သော​ရုပ်တု​ကို ထုလုပ်​ပေး​ရန် ကျွမ်းကျင်​သော​ပန်းပုဆရာ​ကို ရှာဖွေ​တတ်​၏​။


ကြည့်ရှု​လော့​။ လူ​တို့​သည် မီးစာ​ဖြစ်သွား​မည့်​အရာ​အတွက် ကြိုးစား​အားထုတ်​လုပ်ကိုင်​ကြ​ပြီ​။ လူမျိုး​တို့​သည် အချည်းနှီး​သော​အရာ​အတွက် အပင်ပန်း​ခံ​ကြ​ပြီ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ဤသို့​ဖြစ်​စေ​ပြီ​မ​ဟုတ်​လော​။


ရုပ်တုဆင်းတု​သည် မည်သည့်​အကျိုးအမြတ်​ကို​ပေး​နိုင်​၍ ပန်းပုသမား​သည် ထုဆစ်​ရ​သနည်း​။ ရုပ်တု​နှင့် မုသား​ဆရာ အတူတူ​ပင်​ဖြစ်​၏​။ ပန်းပုသမား​သည် ဆွံ့အ​သော​ရုပ်တု​ကို ထုလုပ်​ပြီး ထို​ရုပ်တု​ကို ကိုးစား​ပါ​သည်​တကား​။


တစ်ဖန် ထာဝရဘုရား​သည် ငါ့​အား လက်မှုပညာသည် လေး​ဦး​ကို ပြ​တော်မူ​၏​။


သင်​တို့​သည် ထို​အရပ်​၌ လူ့​လက်​ဖြင့်​လုပ်​၍ မ​မြင်​နိုင်​၊ မ​ကြား​နိုင်​၊ မ​စား​နိုင်​၊ အနံ့​မ​ရ​နိုင်​သော သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို ဝတ်ပြု​ရ​လိမ့်မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos