Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ရှာ​ယ 40:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ဆင်းရဲသား​မူကား မ​ဆွေးမြည့်​နိုင်​သော​သစ်သား​ကို​ရွေးယူ​ပြီးလျှင် မ​လဲ​နိုင်​သော​ရုပ်တု​ကို ထုလုပ်​ပေး​ရန် ကျွမ်းကျင်​သော​ပန်းပုဆရာ​ကို ရှာဖွေ​တတ်​၏​။

Ver Capítulo Copiar

Common Language Bible

20 ငွေ၊ရွှေ၊မ​တတ်​နိုင်​သူ​သည်​မ​ဆွေး​မြေ့​နိုင်​သည့် သစ်​သား​ကို​ရွေး​ချယ်​တတ်​၏။ သူ​သည်​မြဲ​မြံ​စွာ​ရပ်​တည်​နိုင်​သည့် ရုပ်​တု​ကို​ပြု​လုပ်​ရန်​ကျွမ်း​ကျင်​သူ​ပန်း​ပု ဆ​ရာ​ကို ရှာ​တတ်​၏။

Ver Capítulo Copiar

Garrad Bible

20 မ ပူ ဇော် နိုင် သော ဆင်း ရဲ သား များ မှာ မူ ဆွေး မြေ့ ခဲ သော သစ် တုံး ကို ရွေး ချယ် ပြီး မှ ရုပ် တု ကို ခိုင် ခံ့ စွာ တည် လုပ် စေ ခြင်း ငှာ ကျွမ်း ကျင် သူ ပန်း ပု တစ် ယောက် ကို ရှာ တတ် သည် တ ကား။

Ver Capítulo Copiar

Judson Bible

20 အ​ဖိုး​ထိုက်​သော အ​လှူ​ကို မ​လှူ​နိုင်​သော​သူ​သည်၊ မ​ဆွေး​မြေ့​တတ်​သော သစ်​သား​ကို​ရွေး​ကောက်​ပြီး​မှ၊ မြဲ​မြံ​သော​ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ၊ လိ​မ္မာ​သော​လက်​သ​မား​ကို ရှာ​တတ်၏။

Ver Capítulo Copiar




ဟေ​ရှာ​ယ 40:20
9 Referencias Cruzadas  

ပန်းတဉ်းသမား​သည် ပန်းထိမ်သမား​ကို အားပေး​၏​။ တူ​နှင့်​အချောသပ်​သော​သူ​သည် ပေ​ပေါ်တွင် ထု​သော​သူ​ကို အားပေး​၏​။ ဂဟေဆက်​ထား​သည်​မှာ “​ကောင်း​သည်​”​ဟု ဆို​၏​။ သူ​တို့​သည် ရုပ်တု​ကို ခိုင်ခံ့​စေရန် သံ​ဖြင့် ရိုက်​ထား​ကြ​၏​။


ပန်းပဲသမား​သည် သံ​ကို မီးညှပ်​ဖြင့် မီးခဲ​ပေါ်​တင်​၍ အလုပ်​လုပ်​၏​။ သူ​သည် တူ​ဖြင့်​ပုံသွင်း​တတ်​၏​။ သူ​၏​လက်ရုံး​ခွန်အား​ဖြင့် လုပ်ဆောင်​တတ်​၏​။ သူ​သည် ဆာလောင်မွတ်သိပ်​၍ ခွန်အား​မ​ရှိ​။ ရေ​မ​သောက်​ရ​သဖြင့် အားအင်​ကုန်ခန်း​တတ်​၏​။


သူ​တို့​သည် ထို​ရုပ်တု​ကို ပခုံး​ပေါ်​ထမ်း​၍ သယ်ဆောင်​သွား​ကြ​၏​။ ထို​ရုပ်တု​သည် ချထား​သော​နေရာ​၌ မတ်တတ်​နေ​ရ​၏​။ နေရာ​မှ​မ​ရွေ့​နိုင်​။ အော်ဟစ်​အသနားခံ​သော​သူ​ကို​လည်း ပြန်​မ​ထူး​နိုင်​။ သူ့​ကို​လည်း ဆင်းရဲဒုက္ခ​ထဲမှ မ​ကယ်တင်​နိုင်​။


ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။


ထိုသို့ စပျစ်ဝိုင်​ကို​သောက်​ရင်း ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos